CNI News

ဘာလင် ဇူလိုင် ၁၅

ဂျာမနီနိုင်ငံအနောက်ပိုင်း ရိုင်းလန်းပလာတီနိတ်ဒေသတွင် ဇူလိုင် ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ ၆ လုံး ပြိုကျပြီးနောက် လူ ၃၀ ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံ SWR ရုပ်သံလိုင်း၏ ထုတ်လွှင့်ချက်ကို ကိုးကားလျက် thenewdaily.com.au သတင်းဌာနက ဖော်ပြသည်။

ဇူလိုင် ၁၄ ရက်၊ ညပိုင်းက အီဖယ်တောင်ကုန်းဒေသရှိ Schuld bei Adenau ခရိုင်အတွင်း အိမ် ၂၅ လုံးခန့် ထိခိုက် ပျက်စီး ခဲ့ကြောင်း ဒေသခံရဲများက ပြောသည်ဟု SWR က သတင်းဆက်လက် ထုတ်လွှင့်သည်။

မျိုးဆက်တစ်ဆက်လျှင် တစ်ကြိမ်ဖြစ်ပေါ်တတ်သော နှေးကွေးစွာ ရွေ့လျားတတ်သည့် လေဖိအားနည်းရာသီဥတုကြောင့် ယခုကဲ့သို့ မိုးသည်းထန်၍ ရေကြီးမှုနှင့် ကြုံရတတ်ကြောင်း၊ ဇူလိုင် ၁၄ ရက် ဗုဒ္ဓဟူးနေ့က မီးသတ်သမားနှစ်ဦး ရေစီးထဲ မျောပါ၍ နစ်မြှုပ်သေဆုံးခဲ့ရပြီး ဒေသခံပြည်သူများကို အကူအညီပေးဖို့ စစ်တပ် လွှတ်ပေးထားကြောင်း သိရသည်။

အိမ်ထောင်ငါးစုလျှင် တစ်စုမှာ ရေဘေးဒဏ်ခံနေရကြောင်း ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အော်တန်အာမြို့ရှိ အချို့ဒေသခံများဆိုလျှင် နေအိမ်ခေါင်မိုးပေါ်သို့ တက်နေကြရပြီး ကယ်ဆယ်ရေးသမားများကို စောင့်မျှော် နေရကြောင်း၊ မီးရထားသံလမ်း၊ မော်တော်ကားလမ်းနှင့် မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးများ ပြတ်တောက်သွားခဲ့ပြီး ရိုင်း မြစ်ကြောင်းတလျှောက် သင်္ဘောသွားလာမှု ရပ်တန့်သွားခဲ့သည်။ အားရ်မြစ်နှင့် မီတာ ၅၀ ဝန်းကျင်ရှိသည့် အဆိုပါ ဒေသခံ ပြည်သူအချို့ကိုမူ ကယ်ဆယ်နိုင်ခဲ့သည်။

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းတွင် ဇူလိုင် ၁၃ ရက်က မိုးသည်းထန်ခဲ့ပြီး ဇူလိုင် ၁၄ ည အထိ မိုးမစဲဘဲ ဆက်တိုက် ရွာသွန်းနေခဲ့ကြောင်း ဂျာမန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

 

Source: The New Daily

 

#ဂျာမနီ #မိုး #သည်းထန် #ရေကြီး #Germany #Flood #weather #ကယ်ဆယ်ရေး #CNImyanmar #CNInews