CNI International News

တိုကျို၊ မတ်လ ၁၆

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတစ်ဝိုက် မတ်လ ၁၆ ရက် နှောင်းပိုင်းတွင် အင်အားပြင်း ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ရာ ဂျပန်မိုးလေဝသဌာနက ပစိဖိတ်ကမ်းရိုးတန်း ဒေသတွင်းအတွက် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်း နစ်ကိုင်း အေးရှားက ဖော်ပြသည်။

တစ်ခုသော ငလျင်၏ ပဏာမ (ကနဦးပြင်းအား) မှာ ရစ်ခ်ျတာစကေး ၇.၃ ရှိသည်ဟု ဂျပန်မိုးလေဝသဌာနက ပြောသည်။

ဖူကူရှီးမားစီရင်စုရှိ မီယာဂီဒေသ (Miyagi) ၏ အစိတ်အပိုင်းများတွင် ငလျင်ပြင်းထန်မှု ရစ်ချ်တာစကေး ၇ ၏ အထက်အဆင့် ရှိကြောင်း ၎င်းဌာနက ဆက်ပြောသည်။

Source: Nikkei Asia

s