CNI International News

ရီးအက်(ဆော်ဒီ)၊ဩဂုတ် ၃၁

ဆော်ဒီအာရေဗျနိုင်ငံမှ ကျောင်းသားများသည် ၁၇ လကြာ အွန်လိုင်းပညာရေးသင်ကြားပြီးနောက် ကျောင်း အသီးသီးသို့ ပြန်တက်ကာ ၎င်းတို့၏ စာသင်နှစ်တစ်နှစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

အသက် ၁၂ နှစ်အထက် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော ကျောင်းသားများကိုသာ ကျောင်းပြန်တက် ခွင့်ပေးခြင်းဖြစ်ပြီး မူလတန်းနှင့်မူကြိုကျောင်းသားများမှာမူ နေအိမ်အတွင်း၌ နေထိုင်စေသည်။