CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၁
၎င်းက “ဒီတစ်နှစ်အကြာမှာ ရွေးကောက်ပွဲ ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ ကျနော် သံသယဖြစ်မိတယ်ပေါ့နော်။ ကျနော်က တော့ အခြေအနေကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ မဖြစ်နိုင်ရင် ဘယ်လိုလုပ်မလဲ ၂ နှစ်အတွင်းကို ဖွဲ့စည်းပုံအရ လုပ်နေ တယ်လို့ ပြောတာကိုး။ ၂ နှစ်အတွင်း ရွေးကောက်ပွဲကို လုပ်ချင်တယ်ပဲထား၊ မလုပ်နိုင်ပဲထား။ သူတို့အနေနဲ့ ဖွဲ့စည်းပုံကို ဖျက် ရ‌တော့မှာပေါ့။ ဖွဲ့စည်းပုံကို ဖျက်ပြီးတော့ စစ်အာဏာကို တကယ်တမ်း အစစ်အမှန်စစ်အာဏာကို သိမ်းတဲ့လမ်းကို ရောက် သွားတော့မယ်။ ဆိုတော့ သူတို့ စစ်အာဏာကို သိမ်းပြီဆိုရင်တော့ ဖွဲ့စည်းပုံကို ရေးမယ်ဆိုတဲ့ အချိန်ကာလအများကြီးကို ယူသွားနိုင်တာပေါ့။ အဲအတွက်တော့ ကျနော်စိုးရိမ်ပါတယ်ခင်ဗျ”ဟု CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ထို့ပြင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တပ်မတော်အနေဖြင့် အရေးပေါ် ကာလ ပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး အရေးပေါ်ကာလ ၂ နှစ်အပြီးတွင် ရွေးကောက်ပွဲကျင်းပ၍ အနိုင် ရရှိသူများကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဧပြီ ၉ ရက်တွင် ပြောကြားထားသည်။