CNI News
 
၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၄
 
သီတင်းကျွတ်ရုံးပိတ်ရက်တွင် ပြည်တွင်းခရီးသွားလည်ပတ်မှု ပြန်လည်စတင်လာသည့်အတွက် ၂၀၂၂ ခုနှစ်တွင် ခရီးသွားလုပ်ငန်း အားကောင်းလာနိုင်ကြောင်းနှင့် နှစ်မကုန်ခင်တွင် ရုံးပိတ်ရက်များရှိသည့်အတွက် ပြည်တွင်း ခရီးသွားလာမှု မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးနောင်းနောင်းဟန်က ဆိုသည်။
 
“လာမယ့် ၂၀၂၂ ၊ ၃လပိုင်းမှာ ပြန်ပြီးတော့များလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ခရီးသွား လုပ်ငန်းက ရပ်တဲ့အထိဖြစ်လာတာပေါ့နော်။ ၇ လပိုင်း ၈ လပိုင်း ၉ လပိုင်းမှာလည်း လုံးဝမရှိဘူး။ ကိုဗစ်ကလည်း အဆိုးဆုံးကာလတွေဖြစ်တယ်။ ၇ လပိုင်း ၈ လပိုင်း ၉ လပိုင်း အဲဒီ ၃ လရဲ့ နောက်ပိုင်းပေါ့နော် ၁၀ လပိုင်း ၁၁ လပိုင်း ၁၂ လပိုင်းတွေမှာတော့ ပြန်ပြီးအားယူလာမယ့်သဘောရှိတယ်။ တိုးတက်မှုတော့ အများကြီးရှိမှာမဟုတ်သေးဘဲနဲ့ ဒီဇင်ဘာ ခရစ္စမတ်မတိုင်ခင်အထိက ခရီးသွားလာမှုက နည်းနည်း မြင့်တက် နေမယ့်အခြေအနေရှိတယ်။ ၂၀၂၂ ထဲဆိုရင်တော့ ပိုပြီးအားကောင်းလာမယ့်သဘောရှိပါတယ် ဒီတိုင်းဆိုရင်ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
 
#ခရီးသွားလုပ်ငန်း
#သီတင်းကျွတ်ရုံးပိတ်ရက်
#မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်
#ပြည်တွင်းခရီးသွား
#နိုင်ငံရေးအပြောင်းအလဲ
#ပြည်ပခရီးသွားဝင်ရောက်မှု
#လက်မှုပစ္စည်းရောင်းချသူ
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/2075-2021-11-04-08-58-15