CNI International News
 
တိုင်ပေ၊ အောက်တိုဘာ ၂
 
တရုတ်သည် ထိုင်ဝမ်ကျွန်းတဝိုက်ရှိ ဝေဟင်သို့ အောက်တိုဘာ ၁ ရက်၌ တိုက်လေယာဉ် ၃၈ စင်း ပျံဝဲရန် စေလွှတ်ခဲ့ပြီး ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေးဇုန်ကို ချိုးဖောက်ရန် တရုတ်စစ်တပ်၏ အကြီးမားဆုံး လုပ်ဆောင်ချက်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
 
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ် (PLAAF) သည် လေယာဉ်အုပ်စုနှစ်စုခွဲ၍ အုပ်စုဖွဲ့ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ကိုးကားလျက် စီအင်န်အင်န် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
 
Source: CNN
 
#ထိုင်ဝမ်
#တရုတ
#လေပိုင်နက်
#စစ်လေယာဉ်
#တိုက်လေယာဉ်
#ကာကွယ်ရေးဝန်ကြီးဌာန
#ကျူးကျော်မှု
#လေကြောင်းကာကွယ်ရေးဇုန်
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1458-2021-10-02-08-41-35