CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုများနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် မြန်မာ့လက်ဖက်ဈေးကွက် ကျဆင်းလာကာ စက်ရုံများ ပိတ်သိမ်းရသည့်အထိ ရှိလာနေကြောင်း လက်ဖက်စိုက်တောင်သူများထံမှ သိရသည်။

လက်ရှိတွင် လက်ဖက်ဈေးကွက်သည် ယခင်က ၁ ပိဿ ၁၀၀၀ ကျပ်ရပါက ယခုနှစ်မှာတော့ ၁ ပိဿ ၇၀၀ ကျပ်သာ ရရှိတော့ခြင်းကြောင့် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းနေပြီး ရှမ်းပြည်နယ်၊ ပလောင်ဒေသများမှ လက်ဖက် စက်ရုံတချို့ ပိတ်သိမ်းထားရသည်အထိ ရှိနေကြောင်း သိရသည်။

#မြန်မာ့လက်ဖက်
#ဈေးကွက်ကျဆင်း
#လက်ဖက်စိုက်တောင်သူများ
#လက်ဖက်စက်ရုံများ
#ပိတ်သိမ်း
#စီးပွားရေး
#ကိုဗစ်၁၉
#ပြည်တွင်းဈေးကွက်
#ပြည်ပဈေးကွက်
#မြန်မာနိုင်ငံ
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/.../local.../1025-2021-09-08-07-35-39