CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇


ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA) တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့်ဇနီးဖြစ်သူ နော်မေဦးတို့ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ယနေ့(ဧပြီ ၁၇ ရက်)တွင် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

BPLA တည်ထောင်သူ မောင်ဆောင်းခနဲ့ ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ(ဓာတ်ပုံ-BPLA)

BPLA သည် KNLA တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ နွေဦးတော်လှန်ရေးတွင် ပါဝင်လျက်ရှိသည်။