CNI International News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂

၂၀၀၆ ခုနှစ်က ထိုင်းစစ်တပ် အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ၁၇ နှစ်ကြာ ပြည်ပြေးဘဝကနေ သြဂုတ် ၂၂ ရက်မှာတော့ ဒူဘိုင်းကနေ ထိုင်းကို ပြန်လာနေပြီဖြစ်ကြောင်း ညီမဖြစ်သူ ယင်လပ် ရှင်နာဝပ်က သူ၏ လူမှုကွန်ရက်မှာ ပုံနှင့်တကွ ရေးသား ဖော်ပြခဲ့သည်။

ယင်လပ် ရှင်နာဝပ်သည်လည်း လက်ရှိ ထိုင်းအိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကြောင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်သည်။

ဒူဘိုင်းကနေ ထိုင်းကို ပြည်တော်ပြန်ရန် လေယာဉ်ပေါ်မှာ တွေ့ရသည့် သက်ဆင်

လက်ရှိ ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ၌ ဒုတိယ မဲအများဆုံး အနိုင်ရရှိထားသော ဖြူးထိုင်းပါတီက အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းသွားမည့် အခြေအနေဖြစ်တည်လာပြီး နောက် သက်ဆင် ပြည်တော်ပြန်ရန် ခရီးစဉ် ဖြစ်လာခြင်း ဖြစ်သည်။

ဖြူးထိုင်းပါတီသည် သက်ဆင်၏ ထောက်ပံ့မှုများ ရှိနေသလို သမီးဖြစ်သူ ပေတုန်တန်လည်း ပါတီအတွင်း လူငယ် ခေါင်းဆောင် တစ်ဦးအဖြစ် ပါဝင်လျက်ရှိသည်။