CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂

အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ သြစတြေးလျအသင်းတို့ သြဂုတ်လ ၂ ရက်က ယှဉ်ပြိုင် ကစားခဲ့ တာမှာ မြန်မာအသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယပိုင်းမှာ မြန်မာအသင်းက အနိုင်ဂိုးသွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ ကြောင့် မြန်မာအသင်းက သြစတြေးလျအသင်းကို အနိုင်ရခဲ့ပြီး အုပ်စုအဖွင့် လှခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းအတွက် ဂိုးတွေကို စောမျိုးဇော်၊ ရှိုင်းဝဏ္ဏအောင်နဲ့ ပြည့်စုံအောင်တို့က သွင်းယူခဲ့တာဖြစ်ပြီး သြစတြေးလျ အတွက် ဂိုးတွေကို ကိုဗနီနဲ့ ဒီပီဇီယိုတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် သြဂုတ်လ ၅ ရက်မှာ မလေးရှား၊ သြဂုတ်လ ၈ ရက်မှာ ကမ္ဘောဒီးယား အသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။