CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁

မန်စီးတီး အသင်းဟာ ယူကရိန်းဒုက္ခသည် ကရာဗ်ချုပ်ခ်ကို ပရီးမီးယားလိဂ်ရဲ့ ခွင့်ပြုချက်နဲ့ အသင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မန်စီးတီး အသင်းမှာ ကစားနေတဲ့ ဇင်ချန်ကိုနဲ့ ကရာဗ်ချုပ်ခ်တို့ဟာ ရှက်တာဒိုးနတ် လူငယ်အသင်းမှာ အတူတွဲကစားခဲ့ကြ တာပါ။ ကရာဗ်ချုပ်ခ်ဟာ ရုရှားက ယူကရိန်းကို စတင် ကျူးကျော်နေတဲ့ အချိန်မှာ ရုရှားကလပ် တော်ပီဒိုမော်စကို အသင်းနဲ့ အတူ တူရကီမှာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။

အသက်(၂၃)နှစ် အရွယ်ရှိ ကွင်းလယ် ကစားသမားဟာ ရုရှားကလပ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး မန်ချက်စတာကို ထွက်ပြေး လာခဲ့တာပါ။ သူဟာ အခုနှစ် ရာသီကုန်တဲ့အထိ မန်စီးတီး ယူ-၂၃ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရုရှားကလပ် အသင်းမှာ ကစားတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကရာဗ်ချုပ်ခ်က “ကျနော် တကယ်ကို အဆင်မပြေ ဖြစ်ခဲ့ တာပါ။ ကျနော့် မွေးရပ်မြေကို ကျူးကျော်တဲ့ နိုင်ငံတစ်ခုမှာ ကစားခဲ့ရပါတယ်။ ကလပ်က ထွက်ခွာဖို့က ကျနော့်ရဲ့ တစ်ခု တည်းသော ဆုံးဖြတ်ချက်ပါပဲ။ ကျနော်သာ အဲ့ဒီမှာ ဆက်ကစားနေမယ်ဆိုရင် ယူကရိန်းက လူတွေက ကျနော့်ကို နားလည် ပေးမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

မန်စီးတီးမှာ လေ့ကျင့်နေတဲ့ ကရာဗ်ချုပ်ခ်

ကရာဗ်ချုပ်ခ်ရဲ့ မိသားစုတွေဟာ ကိယက်ဗ်မှာ ကျန်ရှိနေပြီး သူ့ရဲ့ အစ်ကိုဖြစ်သူကတော့ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့မှာ ပါဝင် တိုက်ခိုက်နေတာပါ။
ကရာဗ်ချုပ်ခ်က “သူ့ကို အသင်းမှာ လေ့ကျင့်ခွင့်ပေးတဲ့အတွက် မန်စီးတီး အသင်းကို ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ရက် သတ္တပတ် အနည်းငယ်က ကျနော့်အတွက် အလွန်ခက်ခဲခဲ့ပေမယ့် ကွင်းထဲကို ပြန်လာနိုင်တာက ကျနော့်အတွက် အဓိပ္ပါယ် အများကြီးရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

ကရာဗ်ချုပ်ခ်ဟာ လက်ရှိအချိန်မှာ လေ့ကျင့်မှုတွေသာ ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် မန်စီးတီး အသင်းကို ပြောင်းရွှေ့ဖို့ သဘော တူညီခဲ့ပြီးဖြစ်လို့ သူ့ရဲ့ ကြံ့ခိုင်မှုတွေကို ထိန်းသိမ်းပြီး တိုးတက်မှု လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်နိုင်မှာလည်း ဖြစ် ပါတယ်။

အခုလ အစောပိုင်းကတော့ ပရီးမီးယားလိဂ်ဟာ ဘန်လေအသင်းက စပါးတပ်မော်စကို ကစားသမားသမား မော့ဆက်ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ပိတ်ပင်ခဲ့တာပါ။

ဖီဖာဟာ အပြောင်းအရွှေ့ စျေးကွက်ပြင်ပ ဖြစ်နေပေမယ့် ရုရှားပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ပြည်ပက ကစားသမားတွေ ကို တခြားနိုင်ငံမှာရှိတဲ့ အသင်းတွေအနေနဲ့ ခေါ်ယူခွင့်ပြုနိုင်ဖို့ စည်းမျဉ်းတွေကို ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Source: BBC