CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈

အီရန်အသင်းဟာ ပြိုင်ဘက် အီရတ်အသင်းကို အနိုင်ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့ ပထမဆုံး အာရှအသင်း ဖြစ်လာခဲ့ပါတယ်။

အီရန် အသင်းဟာ အာရှဖလားဇုန် တတိယအဆင့် ခြေစစ်ပွဲစဉ်အဖြစ် အီရတ်နဲ့ ကစားခဲ့ရမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ တာပါ။ အီရန်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို တာရီမီက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ တီဟီရန်အဇာဒီ အားကစား ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အီရန်အမျိုးသမီး ပရိသတ်တွေဟာ ၃ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် တက်ရောက်ကြည့်ရှုခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

အီရန် အသင်းဟာ ဒီပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ပြိုင်ပွဲကစားဖို့ ၃ ပွဲ ကျန်ရှိနေသေးပေမယ့် တတိယနေရာမှာ ရှိနေတဲ့ ယူအေအီး အသင်းကို ၁၀ မှတ် ဖြတ်ထားနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ကာတာနိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ခွင့် လက်မှတ်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

အီရန်အသင်းဟာ အခုတစ်ကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားကို ၆ ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ခွင့် ရရှိသွား တာပါ။ အီရန်အသင်းဟာ ၁၉၇၈ က ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပြီး ၁၉၉၈၊ ၂၀၀၆၊ ၂၀၁၄ နဲ့ ၂၀၁၈ တွေ မှာ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အီရန်အမျိုးသမီး ပရိသတ်များကိုတွေ့ရစဉ်။(The New Arab)

ဒါပေမယ့် အာရှကလပ်ဟာ အုပ်စုအဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရတာပါ။ လက်ရှိအချိန်မှာ အိမ်ရှင်ကာတာ အပါအဝင် ကမ္ဘာ့ ဖလားခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းအရေအတွက် ၁၄ သင်းအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ ဥရောပဇုန်က ဂျာမနီ၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အင်္ဂလန်၊ ခရိုအေးရှား၊ စပိန်၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ နယ်သာလန် တို့ ဖြစ်ပါတယ်။ တောင်အမေရိကဇုန်က ဘရာဇီးလ်နဲ့ အာဂျင်တီးနား၊ အခု အီရန်နဲ့ အိမ်ရှင် ကာတာအသင်းတို့ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၃၂ သင်းနဲ့ ကျင်းပမှာ ဖြစ်တာကြောင့် ခြေစစ်ပွဲအောင်အသင်းတွေ ထွက်ပေါ်လာဖို့ အတွက် နောက်ထပ်ခြေစစ်ပွဲတွေ ဆက်လက် ကျင်းပနေတာပါ။ အီရန် အသင်းခြေစစ်ပွဲ အောင်မြင်ပြီးနောက်မှာ ပရိသတ် တွေဟာ မီးရှုးမီးပန်းတွေ ပစ်လွှတ်ခဲ့တာကို တွေ့ခဲ့ရသလို အဆိုပါနေ့ဟာ အီရန်အသင်းရဲ့ အမျိုးသမီး ပရိသတ်တွေ အတွက် လည်း အထင်ကရနေ့ ဖြစ်ခဲ့ပါတယ်။ ဖီဖာက အားကစား ကွင်းတွေထဲမှာ အမျိုးသမီးတွေကို ကန့်သတ်ခြင်းမရှိဘဲ ဝင်ရောက် ခွင့်ပြုဖို့ အီရန်ကို ၂၀၁၉ စက်တင်ဘာလမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ်နိုင်ငံတွေရဲ့ စည်းမျဉ်းစည်းကမ်းအောက်မှာ အမျိုးသမီး ပရိသတ်တွေဟာ အားကစားကွင်း၊ အားကစားပွဲတွေနဲ့ ဝေးကွာနေတာဟာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီလည်း ဖြစ်ခဲ့တာပါ။ အီရန်နဲ့အီရတ် အသင်းတို့ရဲ့ပွဲစဉ်မှာ လက်မှတ် ပေါင်း ၁၀၀၀၀ ရောင်းချခဲ့ရပြီး လက်မှတ် ၂၀၀၀ ဟာ အမျိုးသမီးတွေအတွက် သီးသန့်ရောင်းချခဲ့ရတာ ဖြစ်တယ်လို့ ISNA သတင်းဌာနမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Source: Daily Mail