၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇

အခုလ နိုဝင်ဘာ ၁၇ ရက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်တွေအပြီးမှာ ခြေစစ်ပွဲအောင်မြင်သွားတဲ့ အသင်းအရေ အတွက် ၁၃ သင်းအထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

ဥရောပဇုန်က အုပ်စုပွဲစဉ်တွေ အားလုံး ပြီးဆုံးသွားခဲ့တာကြောင့် ထိပ်ဆုံးနေရာက ၁၀ သင်းလုံးဟာ အဖြေထွက်လာခဲ့ပြီ ဖြစ် ပါတယ်။ ဒီအသင်းတွေကတော့ ဆားဘီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်၊ ခရိုအေးရှား၊ အင်္ဂလန်၊ ဂျာမနီတို့ ဖြစ်ပါတယ်။

ဒုတိယနေရာရခဲ့တဲ့ နာမည်ကြီး ပေါ်တူဂီနဲ့ အီတလီ အသင်းတို့ကတော့ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် ပလေးအောဖ့် အဆင့် ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကာတာနိုင်ငံကို သွားဖို့အတွက် အခြားယှဉ်ပြိုင်နေတဲ့ ဇုန်တွေထဲမှာ တောင် အမေရိကဇုန်က ခြေစစ်ပွဲအောင် အသင်း ၂ သင်း ထွက်ပေါ်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပုံ- ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရအသင်းများ။ (Bleacher Report Football)

ဒီအသင်းတွေကတော့ နာမည်ကြီး အသင်းတွေဖြစ်တဲ့ ဘရာဇီးလ်နဲ့ အာဂျင်တီးနား အသင်းတို့ပါ။ အာဂျင်တီးနား အသင်းဟာ ဘရာဇီးလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဂိုးမရှိ သရေကျခဲ့တာကြောင့် ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ အသင်းကတော့ ခြေစစ်ပွဲ ကစားစရာမလိုတဲ့ အိမ်ရှင် ကာတာ ဖြစ်ပါတယ်။ ကွန်ကာ ကပ်ဖ်ဇုန်၊ အာရှဇုန်နဲ့ အာဖရိကဇုန်တွေကတော့ ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းတွေ မထွက်ပေါ်သေးပဲ ခြေစစ်ပွဲတွေ ဆက် လက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခြေစစ်ပွဲ အောင်မြင်ဖို့ ကျန်ရှိနေတဲ့ ၁၉ နေရာကို ဘယ်အသင်းတွေ ရမလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

အသင်းပေါင်း ၃၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်ထိ မြို့ပေါင်း ၅ မြို့က ကွင်း (၈)ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံကတော့ ပြင်သစ်အသင်းဖြစ်ပြီး ခရိုအေးရှားအသင်းကို အနိုင်ရကာ ဆုဖလားရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Bleacher Report Football