CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁

မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းရဲ့ ပွဲဦးထွက်အဖြစ် ဇူလိုင် ၂၁ ရက်မှာ မက္ကဆီကိုကလပ် ခရုပ်ဇ်အဇူလ်အသင်းနဲ့ ကစားမယ့် လိဂ်ဖလားပွဲမှာ ပါဝင်ကစားမယ်လို့ အသင်းရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဂျော့ချ်မတ်စ်က ပြောပါတယ်။

မက်ဆီနဲ့ အင်တာမိုင်ယာမီ အသင်းတို့ဟာ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိထားပြီး စာရွက်စာတမ်းနဲ့ ဗီဇာ ကိစ္စရပ်တွေကို အပြီးသတ် လုပ်ဆောင်နေပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ကစားသမားဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကနေ ၆၀ တန်ကြေးရှိ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ၂၀၂၆ အထိ သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့် ပါဝင်ပါတယ်။

ဘောလွန်းဒီအောဆုကို ၇ ကြိမ် ရရှိထားတဲ့ မက်ဆီဟာ အမေရိကန်မှာ ဘောလုံးကို ကြီးမားတဲ့ တိုးတက်မှုကို ရရှိစေမယ်လို့ ကတိပြုထားပါတယ်။

မက်ဆီကို တွေ့ရစဉ်

မေဂျာလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်တွေထဲက တစ်ခုဖြစ်လာဖို့ မျှော်မှန်းထားတာကြောင့် မက်ဆီ ရောက်ရှိ လာတာဟာ အမေရိကန် ဘောလုံးသမိုင်းကို ပိုပြီးတိုးတက်မှုတွေ ရရှိစေမယ်လို့ ယုံကြည်နေကြပါတယ်။

အင်တာမိုင်ယာမီ အသင်းထံ မက်ဆီ ရောက်ရှိလာမယ်ဆိုတဲ့ သတင်းတွေကြောင့် လက်မှတ်ခ ဈေးနှုန်းတွေ မြှင့် တက်ခဲ့ပြီး အသင်းရဲ့ အင်စတာဂရမ် အကောင့်ကလည်း  Follower  ၁ သန်းကနေ ၈ သန်းအထိ တိုးလာခဲ့ပါ တယ်။

အင်တာမိုင်ယာမီ အသင်းဟာ အခုနှစ်ရာသီ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အရှေ့ပိုင်းဇုန်မှာ ရလဒ်တွေ ဆိုးနေပြီး အမှတ်ပေး ဇယား အောက်ဆုံးဖြစ်တဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။ 

အင်တာမိုင်ယာမီ အသင်းဟာ ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ဖို့ နောက်ဆုံး အခွင့်အရေးဖြစ်တဲ့ အဆင့် ၉ နေရာက မွန်ထရီရယ်လ်အသင်းနဲ့ ၇ မှတ် ကွာဟနေပါတယ်။ 

အဲဒါကြောင့် အင်တာမိုင်ယာမီ အသင်းအနေနဲ့ နောက်ပိုင်း ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်နေ ပါတယ်။

လိဂ်ဖလား ပြိုင်ပွဲဟာ မေဂျာလိဂ်နဲ့ မက္ကဆီကိုလိဂ်က အသင်းတွေ ယှဉ်ပြိုင်တာဖြစ်ပြီး ဒီပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာ ဖြစ်ပါတယ်။