CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁

မော်ရိုကို ဘုရင် မိုဟာမက် VI ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်အသင်းကို ဆုချီးမြှင့်ခဲ့ပြီး ကစားသမားတွေရဲ့ မိခင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မော်ရိုကိုအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့တာဖြစ်ပြီး ဒီအဆင့်ကို တက်နိုင် ခဲ့တဲ့ ပထမဆုံးအာရပ် ဒါမှမဟုတ် အာဖရိက အသင်းအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။

မော်ရိုကိုအသင်းရဲ့ အိမ်အပြန်ခရီးကို ပရိသတ်သောင်းချီက ကြိုဆိုခဲ့ကြပါတယ်။ မော်ရိုကိုအသင်းဟာ တော်ဝင် နန်းတော်ကို သွားရောက်ခဲ့ပြီး သူတို့ရဲ့ သမိုင်းဝင် အောင်မြင်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဘုရင်ဖြစ်သူ မိုဟာမက် VI က လက်ခံ တွေ့ဆုံခဲ့တာပါ။

ဘုရင်နဲ့အတူ အိမ်ရှေ့မင်းသား မိုလေးဟာဆန်ဟာ မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အသင်းနည်းပြနဲ့ ကစား သမားတွေကို ဆုတံဆိပ်တွေ ပေးအပ်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းအေဂျင်စီ (MAP)က ဖော်ပြခဲ့တာပါ။

 မော်ရိုကိုအသင်းကို ပရိသတ်တွေက ကြိုဆိုကြစဉ်

လက်ရွေးစင်အသင်းရဲ့ နည်းစနစ်ပိုင်းနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေ အားလုံးကိုလည်း သူတို့ရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဆုတံဆိပ်တွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။

ကစားသမားတွေရဲ့ မိခင်တွေကလည်း တော်ဝင်နန်းတော်ကို လိုက်ပါသွားခဲ့ကြပြီး အနစ်နာခံမှုနဲ့ မျိုးချစ်စိတ်ဓါတ် ကို သားသမီးတွေ တန်ဖိုးထားတက်အောင် ကြိုးစားအားထုတ်ခဲ့တာကြောင့် အသိအမှတ်ပြုတယ်လို့ ဘုရင်ဖြစ်သူ က တွေ့ဆုံစဉ် ပြောခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ စပိန်နဲ့ ပေါ်တူဂီတို့ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာတော့ ပြင်သစ်အသင်းကို အရေးနိမ့်ခဲ့ပြီး တတိယနေရာလုပွဲမှာ ခရိုအေးရှား အသင်းကို အရေးနိမ့်ခဲ့ပေမယ့် သူတို့ရဲ့ စွမ်းဆောင်မှုကို အားလုံးက အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

Source: Khaleejtimes