CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကိုဗစ် မျိုးကွဲသစ် BA.4 နဲ့ BA.5 ကို ဘယ်လို ရင်ဆိုင်ကျော်လွှားမလဲ

By CNI
CNI
Category: Watch TV
Hits: 1503

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် ယာယစ်လာပစ် (AP)

ကိုဗစ် စိုးရိမ်မှု မြင့်တက်လာခြင်းနှင့်အတူ ဘိုင်ဒန်၏ အရှေ့အလယ်ပိုင်းခရီးစဉ်

By CNI
CNI
Category: ကျန်းမာရေး
Hits: 2085

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အတွင်း Covid-19 ဖြစ်ပွားမှု တိုးလာခြင်းကြောင့် ၎င်း အတွက် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို ကန့်သတ်ထားရန် ကြိုးစားသွားမည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

သမ္မတသည် ဇူလိုင် ၁၃ ရက်တွင် အစ္စရေးနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။

ထို့နောက် ၎င်းသည် အစ္စရေးဝန်ကြီးချုပ် ယာယစ်လာပစ် (Yair Lapid) နှင့် ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ယာဟု တို့ကို လက်ဆွဲ နှုတ်ဆက်ခဲ့သေးသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် ဘိုင်ဒန်နှင့် အခြား ခေါင်းဆောင်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ လှုပ်လှုပ်ခတ်ခတ် ထင်ကြေးပေးနေ ကြချိန်၌ ယခုကဲ့သို့ Covid-19 စည်းမျဉ်းနှင့်အညီ ထိတွေ့မှု ကန့်သတ်ရန် ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ ထင်ကြေးမှာ အိမ်ရှေ့ မင်းသား မိုဟာမက် ဘင်စလန်နှင့် တွေ့သည့်အခါ ဘိုင်ဒန် လက်ဆွဲ နှုတ်ဆက်မှာလားဆိုသည့် ထင်ကြေး ဖြစ်သည်။

အိမ်ရှေ့မင်းသားသည် ၎င်းအား ဝေဖန်သူတစ်ဦးကို သတ်ဖြတ်စီရင်စေခဲ့သဖြင့် အမေရိကန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ ထားဖွယ်ရာ ရှိသည်ဟုလည်း အမေရိကန် ထောက်လှမ်းရေး အရာရှိများက ပြောကြားနေ ကြသည်။

တိကျသည့် Covid-19 စည်းမျဉ်းသည် အိမ်ရှေ့မင်းသားနှင့် ကတောက်ကဆ ဖြစ်နိုင်သည့် အလားအလာမျိုးကို ဘိုင်ဒန် ရှောင်ရှားရန် အကြောင်းပြစရာ ဖြစ်လာနိုင်သည်ဟု အေပီသတင်းတွင် ရေးသားထားသည်။

ဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ယာဟု (AP)

ဆော်ဒီအာဗျတွင် ကျင်းပမည့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် ၎င်း၏ ခရီးစဉ်အတွင်း အစ္စရေး၊ ပါလက်စတိုင်းနှင့် အာရပ်ခေါင်းဆောင်များအား ဘိုင်ဒန်က မည်သို့ နှုတ်ဆက်မည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။

ဇူလိုင် ၁၃ ရက် နှောင်းပိုင်းတွင် ဂျေရုဆလင်မြို့သို့ အသက် ၈၆ နှစ်အရွယ်ရှိ ဘိုင်ဒန် ရောက်ရှိစဉ် မီးလောင်တိုက် အသွင်းခံ ရသူများအတွက် အစ္စရေး၏ အောက်မေ့ဖွယ်ရာ နေရာဖြစ်သော ယာ့ဘက်ရှန် (Yad Vashem) နေရာ၌ အသက် ၉၅ အရွယ်ရှိ ဂျီစီလီဆိုင်ကိုဝစ်ဇ် ဆိုသူအား ပွေ့ဖက်နမ်းရှုံ့၍ နှုတ်ဆက်ခဲ့သည်။ ဂျီစီလီဆိုင်ကိုဝစ်ဇ်သည် မီးလောင်တိုက် အသွင်းခံရစဉ်က အသက်ရှင် ကျန်ရစ်သူ ဖြစ်သည်။

“သမ္မတနဲ့ တခြားသူတွေ ထိတွေ့တာမျိုး ကျမတို့ တတ်နိုင်သမျှ လျှော့ချဖို့ ကြိုးစားနေပါတယ်” ဟု သမ္မတ၏ Air Force One လေကြောင်းခရီးစဉ်နှင့်အတူ လိုက်ပါလာသော သတင်းထောက်များကို အိမ်ဖြူတော် သတင်းပြန်ကြားရေး အတွင်းဝန် ကရင်း ဂျင်ပီယာက ပြောကြားခဲ့သည်။

သို့သော် ဘိုင်ဒန်သည် အရှေ့အလယ်ပိုင်းသို့ မထွက်ခွာမီ ဇူလိုင် ၁၂ ရက်တွင် အိမ်ဖြူတော်၌ ပျော်ပျော်ပါးပါး စားသောက်ကြ သည့် အစီအစဉ်၌ ကွန်ဂရက် လွှတ်တော်အမတ်များနှင့် ရောနှောနေခဲ့ပြီး Covid-19 စည်းမျဉ်းအရ အကာအကွယ် မယူခဲ့ပေ။

Covid-19 ရောဂါပိုးသည် လူလူချင်း အထိအတွေ့ တစ်ခုတည်းမှ ကူးစက်ခြင်းသာမက လေထဲမှလည်း ကူးစက်နိုင်သော ဗိုင်းရပ်စ်ဖြစ်ကြောင်း သိရသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုဗစ်ကူးစက်မှုကြောင့် ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ထိခိုက်မှုမရှိ

By CNI
CNI
Category: Watch TV
Hits: 2275

Share
Tweet
Share
Share
powered by social2s

ဆေးဝါးပြတ်လပ်နေ၍ မဖျားမနာအောင်နေကြဖို့ သီရိလင်္ကာဆရာဝန်များ သတိပေး

By CNI
CNI
Category: Watch TV
Hits: 1503

Share
Tweet
Share
Share
powered by social2s

ကိုယ်ဝန်ဖျက်ချပေးသည့်ဆေးခန်းလာသူ၏ တည်နေရာမှတ်တမ်းကို Google ဖျက်ပေးမည်

By CNI
CNI
Category: လူမှုဘဝ
Hits: 2962

CNI International News

ဆန်ဖရန်စစ္စကို၊ ဇူလိုင် ၄

ကိုယ်ဝန်ဖျက်ချပေးသော ဆေးကုခန်းများ၊ အိမ်တွင်းအကြမ်းဖက်မှုမှ ရှောင်တိမ်းသည့်နေရာများ၊ ကိုယ်ရေး ကိုယ်တာအချက်အလက်ရှာဖွေသည့်နေရာများသို့ သွားရောက်ခဲ့ဖူးသော Google သုံးစွဲသူများ၏ တည်နေရာ မှတ်တမ်းများကို Google ကုမ္ပဏီက မှတ်သားသိမ်းဆည်းခြင်းမပြုဘဲ ဖျက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်၌ ကြေညာခဲ့သည်။

“အဲဒီလိုနေရာတွေကို တစ်ယောက်ယောက်က သွားခဲ့ဖူးတယ်လို့ ကျမတို့သိတာနဲ့ မကြာခင်မှာပဲ အဲဒီ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ တည်နေရာမှတ်တမ်းတွေကို ဖျက်ပေးမှာပါ။ အခုအပြောင်းအလဲအစီအစဉ်က လာမယ့်သီတင်းပတ်တွေအတွင်း အသက်ဝင်လာပါလိမ့်မယ်” ဟု Goolge ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဂျန်ဖစ်ဇ် ပက်ထရစ်က ဘလော့ဂ်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

အလားတူ တည်နေရာအချက်အလက်များကို Google မှတ်သားသိမ်းဆည်းမည်မဟုတ်သည့် အခြားနေရာများ တွင် သားဖွားမီးယပ်ဌာနများ၊ မူးယစ်/အရက်စသည့် စွဲလန်းမှုကုသရေးဌာနများနှင့် ကိုယ်အလေးချိန်လျှော့ချ ပေးသည့်ဆေးကုခန်းများလည်း ပါဝင်သည်။

အမေရိကန်အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ ဖယ်ရှားပစ်ရန် အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်ပြီး ရက်သတ္တတစ်ပတ်အကြာတွင် ယခုကဲ့သို့ Google က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံတွင် ကိုယ်ဝန်ဖြတ်ချခွင့်နှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက်များကို ပြည်နယ်ပေါင်း ဆယ်ဂဏန်း ခန့်၌ လူအများစုပါဝင်သည့် ဆန္ဒပြပွဲများပြုလုပ်၍ သဘောထားထုတ်ဖော်ခဲ့ကြသည်။

ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများအတွက် Google အပါအဝင် အခြား နည်းပညာကုမ္ပဏီများအနေဖြင့် ၎င်းတို့စုစည်းထားသောအချက်အလက်ပမာဏကို ကန့်သတ်ရန်အတွက် တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများက တောင်းဆိုခဲ့ကြသည်။

ဂျန်ဖစ်ဇ်ပက်ထရစ်ကတော့ “မိမိတို့ကုမ္ပဏီအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလေးအနက် ထားပြီး Google ဝန်ဆောင်မှုသုံးစွဲသူများ လုံခြုံစိတ်ချစေရန် ကြိုးစားနေပါကြောင်း” ပြောကြားခဲ့သည်။

“Googel ဆီမှာ တရားဥပဒေစိုးမိုးရေးရဲ့ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုချက်တွေအရ ဆိုင်းငံ့ပေးလိုက်တဲ့ မှတ်တမ်းရှည်ရှိပါတယ်။ အဲဒီအထဲမှာ တောင်းဆိုချက်တချို့ကို လုံးဝကန့်ကွက်တာမျိုးလည်း ပါပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ကျမတို့ရဲ့ဒစ်ဂျစ်တယ်ထုတ်ကုန်တွေကို သုံးစွဲသူတွေရဲ့ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးကို ထည့်စဉ်းစားပြီးတော့ အစိုးရရဲ့ညွှန်ကြားချက်ကို လိုက်နာရတဲ့အခါမှာ သုံးစွဲသူတွေကို အသိပေးပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း ရှေးရိုးဆန်သည့် အမေရိကန်ပြည်နယ်အချို့တွင် ကိုယ်ဝန်ဖျက်ချပေးသည့် ဆရာဝန် များကို လူမှုရေးအသင်းအဖွဲ့ဝင်များ (သို့မဟုတ်) ၎င်းတို့ကို အားပေးကူညီသူများက တရားစွဲဆိုပိုင်ခွင့်ရှိသည့် ဥပဒေများကို အတည်ပြုခဲ့ကြသည်။ သို့ဖြစ်၍ တရားရုံးစီရင်ချက်မချမီ စမတ်ဖုန်းပါ အချက်အလက်များ၊ မျိုးဆက်ပွားဆိုင်ရာအခွင့်အရေးများအပေါ် စိုးရိမ်စရာများ ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်မေလတွင် ဒီမိုကရက်တစ်ပါတီမှ ထိပ်တန်းလွှတ်တော်အမတ်များအဖွဲ့က Google အမှုဆောင်အရာရှိ ချုပ် ဆန်ဒါပီချိုင်းထံသို့ စာတစ်စောင် ရေးသားပေးပို့၍ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု လိုလားသူများကို နှိမ်နင်းရန် လက်ယာအစွန်းရောက်ဝါဒီများအတွက် Google သည် အသုံးချစရာကိရိယာတစ်ခု ဖြစ်လာမည့်အရေး စိုးရိမ်မိကြောင်း၊ သို့ဖြစ်၍ စမတ်ဖုန်းတည်နေရာ အချက်အလက်စုဆောင်းခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။

Source: AFP, Bangkok Post

 

 

 

Share
Tweet
Share
Share
powered by social2s

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်နေ

By CNI
CNI
Category: Watch TV
Hits: 2137

Share
Tweet
Share
Share
powered by social2s
မွန်ပြည်နယ်က ဒေသခံများ သွေးလွန်တုပ်ကွေး ကုသနေစဉ်

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်နေ

By CNI
CNI
Category: ကျန်းမာရေး
Hits: 3132

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ယခုရက်ပိုင်း၌ ပိုမိုဖြစ်ပွားလာနေကြောင်း မွန်ပြည်နယ် ဒေသခံ များနှင့် ပရဟိတ လုပ်ကိုင်သူများက ပြောသည်။

ရာသီတုပ်ကွေး ရောဂါနှင့် ပြင်းထန် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုသည် ယခုလအတွင်း မြင့်တက်နေသည့် အခြေအနေ တွေ့ရကြောင်း၊ ဆေးရုံတက်ရောက် ကုသနေရသည့် ကလေးသူငယ် အများအပြား ရှိနေကြောင်း မော်လမြိုင်မြို့ ပရဟိတ လုပ်ငန်းလုပ်ကိုင်သူ ကိုမင်းမင်းဘိုက CNI သတင်းဌာနသို့ ပြောသည်။

ကိုမင်းမင်းဘိုက “သွေးလွန်တုပ်ကွေးက ဖြစ်ပွားမှုနှုန်းကတော့ တက်နေတယ်ဗျ။ ရာသီတုပ်ကွေးလည်း ပုံမှန် အနေအထား မျိုးပေါ့နော်။

သွေးလွန်တုပ်ကွေးကတော့ နည်းနည်း အဖြစ်များနေတာ‌ပေါ့၊ ကလေး သူငယ်တွေမှာ။ ဒီရာသီက ကျနော်တို့ ပုံမှန်ပေါ့ သွေးလွန်တုပ်ကွေးရာသီ ဖြစ်တဲ့အတွက် ပုံမှန်အားဖြင့်တော့ ပုံမှန်ဖြစ်တဲ့ နှုန်းကတော့ သူ့ဟာသူ များနေတာပေါ့ လေ။ အခု ဒီတစ်လ အတွင်းမှာပဲ သူ့ဟာသူ ပုံမှန်နဲ့တော့ တက်တက်လာတာပေါ့။

ဆေးရုံတက်တဲ့သူ ကလေးသူငယ်တွေ လည်း များလာတာပေါ့လေ။ အပြင်ဆေးခန်းတွေမှာလည်း အဲလိုဖြစ်နေတာ များတယ်ပေါ့လေ။ အဲလောက်တော့ ရှိတာပေါ့ သွေးလွန်တုပ်ကွေး ဖြစ်နေတာကတော့” ဟု ပြောသည်။

မွန်ပြည်နယ်ရှိ ပရဟိတအဖွဲ့များ ခြင်ဆေးများ လိုက်ဖြန်းနေစဉ်

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၀၀၀ နီးပါးခန့် ရှိကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါကြောင့် လူနာ တစ်ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အသက် (၅) နှစ်မှ (၉) နှစ်ကြား အရွယ် ကလေးငယ်များတွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ အများဆုံးဖြစ်ကြောင်း၊ သေဆုံးခဲ့သည့် ကလေးငယ်မှာလည်း ထိုအသက် အပိုင်းအခြားမှဖြစ်ကြောင်း သိရသည်။

ထို့နောက် သွေးလွန်တုပ်ကွေး ရောဂါသည် ကလေးသူငယ်များတွင် ဖြစ်ပေါ်လေ့ရှိကြောင်း၊ ကလေးမိဘများက သွေးလွန် တုပ်ကွေး ရောဂါ၏ လက္ခဏာကို မသိသည့်အတွက် ပိုမိုဖြစ်ပေါ်နေကြောင်း ကျိုက်မရောဒေသခံ မင်းထောနိုင်က ပြောသည်။

မင်းထောနိုင်က “ကျိုက်မရော ဘက်မှာတော့ တချို့မိဘတွေက ထင်တယ်ပေါ့နော်၊ ကလေးတွေက ဗိုက်အောင့်တယ် ဆိုလို့ရှိ ရင် သန်မချထားလို့။ နေမကောင်းဖြစ်တာပဲ သိတာများတာပေါ့နော်။ ဒါပေမယ့် ဒီသွေးလွန်တုပ်ကွေး ရောဂါနဲ့ လက္ခဏာ ဆင်တူ ဖြစ်နေတာကျတော့ သူတို့မသိဘူး။ အဲဒါကြောင့် ကလေးတွေက ပိုပြီးတော့ ဖြစ်တာများတယ် ကျိုက်မရောမှာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်း နှစ်စဉ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရှိသော်လည်း မွန်ပြည်နယ်သည် အဖြစ်များသည့် ဒေသတွင် ပါဝင် ကြောင်း သိရသည်။
ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး စာသင်ကျောင်းများရှိ ကျောင်းသားများမှတဆင့် မိဘများဆီ သို့ ရောက်ရှိအောင် ပညာပေး အစီအစဉ်များ ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန

လက်ရှိ ဖြစ်ပေါ်နေသည့် သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများသည် ဝမ်းသွားခြင်း၊ အပြင်းဖျားခြင်းများ ဖြစ်ကြသည်ကို တွေ့ရှိရသည်ဟု မော်လမြိုင်မြို့နယ် ဆေးခန်းဖွင့်လှစ်ထားသည့် ဒေါက်တာလှဦးက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာလှဦးက “တစ်ရက်လောက် အပြင်းဖျားပြီး ဗိုက်မသက်သာဘူး၊ ကလေးအီနေတယ် ဗိုက်နာတယ်ဆိုရင် ကလေး အထူးကုကို ပို့ပေးတယ်။ သူတို့လည်း သူတို့ဟာသူတို့ လစ်တာပဲ။ တချို့ဆို လာတောင်မလာဘူး။ နည်းနည်းပါးပါးလောက်ပဲ ကိုယ့်ဆီလာတာပေါ့။ ရိုးရိုး ဝမ်းသွားတာလောက်၊ အခုဖျားနေတယ်၊ ဝမ်းသွားနေတယ်က ဆက်ဆက်နေကြတယ် အခု ဖျား တာ ကလေ။ လာလိုက်ရင် ဝမ်းတွေသွား၊ အဖျားတွေတက်၊ အဲလိုဖြစ်နေကြတာပဲ။ နောက်ပြီး နေပြန်ကောင်းကြတာပဲ လူ တိုင်း လိုလိုလေ” ဟု ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်ရှိ ပရဟိတ အဖွဲ့အစည်းများက သွေးလွန်တုပ်ကွေး ကာကွယ်နိုင်ရန်အတွက် ခြင်နှိမ်နှင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်သည် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံး မြို့နယ်ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်မှာ ဒုတိယအများဆုံးနှင့် ကျိုက်မရောမြို့နယ်မှာ တတိယအများဆုံး ဖြစ်ပွားကြသည်ဟု ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
မျောက်တံငါများကို ဖမ်း၍ စစ်ဆေးနေစဉ်

ထိုင်းပြည်တွင်းရှိ မျောက်တံငါများကို မျောက်ကျောက်ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေး

By CNI
CNI
Category: ကျန်းမာရေး
Hits: 3170

ထိုင်းပြည်တွင်းရှိ မျောက်တံငါများကို မျောက်ကျောက်ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေး

CNI International News

ဘန်ကောက်၊ ဇွန်လ ၂၂

ထိုင်းနိုင်ငံအောက်ပိုင်း ပြည်နယ်များတွင် လူဦးရေ ထိန်းချုပ်မှုဆိုင်ရာ လှုပ်ရှားမှုအတွင်း တောရိုင်းမျောက်တံငါ (Wild macaques) များကို မျောက်ကျောက်ရောဂါ စမ်းသပ် စစ်ဆေးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန်လ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။

ကျောက်တာကိပ်နှင့် ကျောက်ဟင်လက် ဖိုင်တောင်များပေါ်တွင် ကျင်လည် ကျက်စားနေသည့် မျောက် အကောင်ရေ ၆၀၀ ခန့်ကို ပစ်မှတ်ထား ဖမ်းဆီးပြီး ရောဂါ စစ်ဆေးပေးရန် စစ်ဆင်ရေး လုပ်ဆောင်ချက်ကို ဇွန်လ ၁ ရက်က စတင်ခဲ့ကြောင်း ပတ်ချာဘူရီအခြေစိုက် သဘာဝထိန်းသိမ်းရေးနယ်မြေ ရုံးအမှတ် ၃ မှ ညွှန်ကြားရေးမှူး ဝမ်ချိုင်စင်တိုက ပြောသည်။

ယခုအချိန် မျောက်အကောင်ရေ ၂၀၀ ခန့် ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီဟု သိရသည်။

ထိုင်းနိုင်ငံက Monkey Zone 

အဆိုပါ မျောက်အများစုတွင် ရောဂါပိုး မတွေ့ရဘဲ အားလုံးမှာ မျောက်ကျောက်ရောဂါ ကင်းစင်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ ရသည်။

သန့်ရှင်းရေး မလုပ်ရသေးသည့် မျောက်တံငါများကို ထိုင်း အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဦးစီး ဌာနမှ တိရစ္ဆာန်ဆေးကုဆရာဝန်များက ပိုးသတ်ပေးမည် ဖြစ်သည်။

ဟွာဟင်၊ ပရာချက်ခီရိခန်း ဒေသများရှိ မျောက်အားလုံးတွင် မျောက်ကျောက်ရောဂါ ကင်းစင်နေကြောင်း၊ ၎င်းမျောက်များ သည် ခရီးသွားများနှင့် ထိတွေ့မှုရှိ၍ ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း မစ္စတာဝမ်ချိုင်က ရှင်းပြသည်။

ရည်မှန်းချက် လျာထားသည့်အတိုင်း မပြည့်မီမချင်း ရောဂါဆိုင်ရာ စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရာချက်ခီရိခန်း ဒေသတွင် မျောက်ကောင်ရေ များပြားလာမှုမှာ နှေးကွေးနေဆဲရှိကြောင်း ဝမ်ချိုင်က အသိပေး ပြောကြားခဲ့ သည်။

Source: Bangkok Post

 

 

 

Share
Tweet
Share
Share
powered by social2s
ဗီယက်နမ် အာဏာပိုင်များ (Reuters)

ကိုဗစ်အမှုဖြင့် ဗီယက်နမ် ကျန်းမာရေးဝန်ကြီးနှင့်မြို့တော်ဝန်ကို ဖမ်းဆီး

By CNI
CNI
Category: ကျန်းမာရေး
Hits: 2941

CNI International News

ဟနွိုင်း၊ ဇွန်လ ၈

အမေရိကန်ဒေါ်လာ သန်း ၁၇၀ တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာအမှု အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခြင်း ကြောင့် ကျန်းမာရေးဝန်ကြီးနှင့် ဟနွိုင်းမြို့တော်ဝန်တို့ကို ဗီယက်နမ်ရဲများက ဖမ်းဆီးလိုက်ကြောင်း ဗီယက်နမ်အစိုးရ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

Viet A ဟု အမည်ပေးထားသော ပြည်တွင်း အရှုပ်တော်ပုံ တစ်ခုအပြီးတွင် ကွန်မြူနစ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်တွင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အရှိန်မြှင့်ခဲ့ရာ ဆေးရုံများသို့ တန်ဖိုးအလွန်မြင့်မားသည့် Covid-19 စမ်းသပ်ကိရိယာ ပံ့ပိုး ရသည့်ကိစ္စ၌ လာဘ်ပေးလာဘ်ယူ အမှုများကို ဗီယက်နမ်အစိုးရ တာဝန်ရှိသူများက ဖော်ထုတ်ခဲ့ကြသည်။

“နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးနှင့် အသုံးချရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်သည်”ဟူသော စွပ်စွဲချက်ဖြင့် ဗီယက်နမ် ကျန်းမာရေးဝန်ကြီး နော့အမ်း (Ngoc Anh) ကို ဇွန်လ ၇ ရက်နှောင်းပိုင်းက ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်း ထုတ်ခဲ့သည်။

၎င်းသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကလည်း ဆုံးရှုံးလေလွင့်ခြင်း ဖြစ်ပေါ်စေခဲ့ဖူးကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသော ငုယင်သန့်လောင်နဲ့ နော့အမ်း (GETTY IMAGES)

အလားတူ ဟနွိုင်မြို့တော်ဝန် ငုယင်သန့်လောင် (Nguyen Thanh Long) ကိုလည်း အစိုးရတာဝန် ထမ်းဆောင် နေစဉ် အတွင်း ရာထူးနှင့်လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှု ဖမ်းဝရမ်းထုတ်ခဲ့သည်။

“ပြည်သူ့လုံခြုံရေးကောင်စီက အတည်ပြုပြီးနောက် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အနေဖြင့် ဆုံးဖြတ်ချက်များနှင့် အမိန့် များကို ဥပဒေနှင့်အညီ အကောင်အထည် ဖော်ခဲ့ကြောင်း” ၎င်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးခြင်း မပြုမီ တစ်ရက်အလို ဇွန်လ ၆ ရက်တွင် ဗီယက်နမ် ပါတီဝင်များအဖြစ် အာဏာပိုင်များက ထုတ်ပယ်ခဲ့ပြီး ဖြစ်သည်။

Viet A ၏ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာများ ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းတို့ ပါဝင်ပတ်သက်ခဲ့ကြသည့် ပြည်နယ် အသီးသီး၌ ကပ်ရောဂါ ထိန်းချုပ်ရေးစင်တာ အရာရှိများကိုလည်း မကြာသေးမီ လများအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။

Viet A ၏ ညွှန်ကြားရေးမှူးချုပ် ဖန်ကွတ်ဗီယက် (Phan Quoc Viet) သည် ဆေးရုံများနှင့် ထိန်းချုပ်ရေးစင်တာများသို့ မူလ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် အစိုးရအရာရှိများကို လာဘ်ထိုးမှု စွဲချက်ဖြင့် လတ်တလော ရင်ဆိုင်နေရသည်။

Viet A အရှုပ်တော်မှ ပေါ်ပေါက်လာသော အသားတင် ငွေကြေးပမာဏမှာ ဒေါ်လာ ၁၇၂ သနးဖြစ်ပြီး ယခု အဂတိလိုက်စားမှု စစ်ဆေးဖော်ထုတ်အရ ဒေါ်လာ ၃၄ သန်း ပြန်လည်ထွက်ပေါ်လာကြောင်း သိရသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

မျောက်ကျောက်ရောဂါကို မြန်မာနိုင်ငံတွင် စမ်းသပ်စစ်ဆေးနိုင်ဟုဆို

By CNI
CNI
Category: Watch TV
Hits: 2292

Share
Tweet
Share
Share
powered by social2s

ကမ္ဘာတဝန်း မျောက်ကျောက်ရောဂါ ပိုဖြစ်မည်ဟု WHO ထုတ်ပြန်

By CNI
CNI
Category: Watch TV
Hits: 1390

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယား Covid သံသယလူနာ ၂ သန်းအထိရှိလာ

By CNI
CNI
Category: Watch TV
Hits: 1382

Share
Tweet
Share
Share
powered by social2s

ကိုဗစ်ကူးစက်မှုတိုးလာ၍ မြောက်ကိုရီးယား အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

By CNI
CNI
Category: Watch TV
Hits: 1336

Share
Tweet
Share
Share
powered by social2s
ကိုဗစ် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် မြောက်ကိုရီးယား(KCNA)

ကိုဗစ်ကူးစက်မှုတိုးလာ၍ မြောက်ကိုရီးယား အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

By CNI
CNI
Category: ကျန်းမာရေး
Hits: 2672

CNI International News

ပြုံယမ်း၊ မေလ ၁၈

နိုင်ငံတကာ အကူအညီရှောင်၍ ဆယ်စုနှစ် တစ်ခုကျော်ကြာ တိုင်းပြည်ကို ကိုယ့်အားကိုယ်ကိုး အုပ်ချုပ်နေခဲ့သော မြောက် ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ယခုအခါ Covid-19 ကူးစက်ခံရသည်ဟု သံသယရှိသော ဖျားနာသူအရေအတွက် တိုးလာနေ၍ ၎င်းအတွက် အရေးကြီးသည့် လမ်းဆုံလမ်းခွ ရောက်နေကြောင်း အေပီသတင်းအရ သိရသည်။

ကင်မ်အနေဖြင့် ၎င်း၏မာနကို ခဝါချ၍ နိုင်ငံတကာ အကူအညီ ယူသည်ဖြစ်စေ၊ တစ်ကိုယ်တည်း ရှေ့ဆက်တိုးလျှင် ဖြစ်စေ အုပ်ချုပ်ရေး ပျက်ပြားသွားစေနိုင်သည့် လူအမြောက်အမြား သေကြေပျက်စီးမှုကို ရင်ဆိုင်ရဖို့ နီးကပ်လာခဲ့သည်။

“ကင်မ်ဂျုံအန်း အကျပ်ရိုက်နေပါတယ်။ တကယ့်ကို ကြီးကြီးမားမား အကျပ်အတည်းနဲ့ ရပ်ဆိုင်နေရပါပြီ” ဟု ဆိုးလ်မြို့ရှိ ကျောင်နန်တက္ကသိုလ်၊ ကမ္ဘာ့အရှေ့ဖျား လေ့လာရေးသိပ္ပံမှ ပါမောက္ခ လင်အော်ချွဲ (Lim Eul-chul) က ပြောကြားခဲ့သည်။

“တကယ်လို့ သူဟာ အမေရိကန် ဒါမှမဟုတ် အနောက်အုပ်စုနိုင်ငံတွေရဲ့ အကူအညီ လက်ခံလိုက်မယ်ဆိုရင် သူ အခိုင်အမာ ထိန်းထားတဲ့ မိမိကိုယ်ကို အားကိုးတဲ့ ရပ်တည်ချက်ကို လှုပ်ခတ်သွားပြီးတော့ သူ့အပေါ် လူထုယုံကြည်မှု ကျဆင်းသွားနိုင်ပါ တယ်”ဟု ၎င်းက သုံးသပ်ပြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း(KCNA)

ပြီးခဲ့သည့် သီတင်းပတ်၌ Covid-19 ဖြစ်ပွားမှု အတည်ပြု ကြေညာပြီးကတည်းက မြောက်ကိုရီးယားနိုင်ငံတွင် အပြင်းအထန် ဖျားနာမှုများကြောင့် လူ ၅၆ ဦး သေဆုံးပြီး ဖျားနာသူ အရေအတွက် ၁ ဒသမ ၅ သန်းခန့်အထိ ရှိခဲ့ကြောင်း တရားဝင် ထုတ် ပြန်ချက်များအရ သိရသည်။

ပြည်ပ အကဲခတ် စောင့်ကြည့်သူများ၏ အဆိုအရ ထိုသို့ ဖျားနာမှုများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ကြောင်း သံသယ ရှိနေကြသည်။
အဆိုပါ ဖျားနာနေသူများနှင့် ပတ်သက်၍ မြောက်ကိုရီးယား အစိုးရမီဒီယာမှ မည်သို့ပင် ထုတ်လွှင့်စေကာမူ ရောဂါကူးစက်မှု အခြေအနေ အဆပေါင်းများစွာ တိုးလာနိုင်ကြောင်း အေပီသတင်းဌာနက ဆက်လက် ရေးသားဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံတွင် လုံလောက်သော Covid-19 စမ်းသပ်စစ်ဆေးမှု ကင်းမဲ့နေဆဲဖြစ်ပြီး ကင်မ်ဂျုံအန်းကို နိုင်ငံရေးအရ ထိခိုက်စေနိုင်သော လူထု မငြိမ်မသက်မှုများကို ရှောင်ရှားရန် သေဆုံးသူ အရေအတွက် သိသိသာသာ လျှော့ချ ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

လူဦးရေ ၂၆ သန်း၌ အများစုမှာ ကာကွယ်ဆေး မထိုးရသေးဘဲ ဆေးဝါးပြတ်လပ်နေသော နိုင်ငံအတွက် ထုတ်ပြန်လာသော သေဆုံးသူဦးရေမှာ အရေအတွက် နည်းပါးနေသေးကြောင်း ကျွမ်းကျင်သူများက ကောက်ချက်ချကြသည်။

ကင်မ်ဂျုံအန်း အစိုးရအတွက် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးနှင့် အကြီးမားဆုံး အကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် သေဆုံးသူ အရေအတွက် လျှော့ချပြောဆိုခြင်းမှာ ကင်မ်၏အာဏာကို ခုခံကာကွယ်ဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ကိုရီးယား တက္ကသိုလ်မှ ပါမောက္ခ နန်ဆောင်ဝစ် (Nam Sung-wook) က မှတ်ချက်ချခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုဗစ်ဆေးဝါး တည်ငြိမ်စွာဖြန့်ဖြူးသွားရန် မြောက်ကိုရီးယားစစ်တပ်ကို ကင်မ်အမိန့်ပေး

By CNI
CNI
Category: Watch TV
Hits: 1569

Share
Tweet
Share
Share
powered by social2s

တရုတ်နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်၊ အာရှအားကစားပွဲ ရွှေ့ဆိုင်း

By CNI
CNI
Category: Watch TV
Hits: 1553

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6

Page 5 of 6

  1. You are here:  
  2. Home
  3. ကျန်းမာရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar