CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

နမ့်ခမ်းတွင် ရွေးကောက်ပွဲလူဦးရေ စာရင်းကောက်ရာ ဗမာမဟုတ်သူကို ဗမာဟုထည့်သွင်း

By CNI
CNI
Category: Watch TV
Hits: 643

Share
Tweet
Share
Share
powered by social2s
ဒုတိယဝန်ကြီးချုပ် ပရာဝပ် ဝေါင်ဆူဝန်(ဓါတ်ပုံ-Thai PBS)

စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ လာဘ်စားမှုကို သည်းခံမည်မဟုတ်ဟု ထိုင်း ဒုဝန်ကြီးချုပ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1256

CNI International News

ဘန်ကောက်၊ဒီဇင်ဘာ ၃၀

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လာဘ်စားမှုကို လုံးဝသည်းခံလိမ့်မည်မဟုတ်ဟု ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် ပရာဝပ် ဝေါင်ဆူဝန် (Prawit Wongsuwon) က ပြောကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။

စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံစဉ် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ နှစ်သစ်ကူး အထိမ်း အမှတ်တွေ့ဆုံပွဲအဖြစ် ထိုင်းနိုင်ငံ၏ စစ်တပ်ခေါင်းဆောင်များ၊ ရဲတပ်ဖွဲ့အကြီးအကဲများက ဗုဒ္ဓဟူးနေ့တွင် ဘန်ကောက်မြို့ရှိ ပရာဝပ်၏ သစ်တောထိန်းသိမ်းရေးဖောင်ဒေးရှင်းတွင် သွားရောက်တွေ့ဆုံခဲ့သည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ခိုးမှု စွဲချက်ဖြင့် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခဲ့ပြီး အလားတူ ပြစ်မှုဖြင့် ပြန်လည်ဖမ်းဆီး ခဲ့စဉ်(ဓါတ်ပုံ- Sutthiwit Chayutworakan)

ယခုနှစ်တွေ့ဆုံပွဲကို အကျဉ်းချုံးသာကျင်းပခဲ့ပြီး နိုင်ငံရေးသမားများနှင့် အစိုးရအဖွဲ့ဝင်အရာရှိများက ဒုတိယ ဝန်ကြီးချုပ်ကို နှစ်သစ်ကူးနှုတ်ဆက်မှုအဖြစ် လာရောက်တွေ့ဆုံခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး ပရာဝပ်သည် လက်ရှိ အာဏာရ ဖလန် ပရာချာရတ်သ် (Palang Pracharath) ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ၎င်းသည် လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များနှင့်အတူ တွေ့ဆုံစားသောက်ခဲ့ပြီး ထိုသူကများက လာမည့် အထွေထွေရွေးကောက်ပွဲတွင် ပရာဝပ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထောက်ခံရန်လည်း သဘောတူခဲ့ကြသည်။

ထိုင်းဘတ်ငွေကြေး(ဓါတ်ပုံ-ဘန်ကောက်ပို့စ်)

လာရောက်နှုတ်ဆက်သူများကို စကားပြောဆိုရာတွင် ပရာဝပ်က စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ အခွန်ငွေပေါ်တွင် ရပ်တည်နေခြင်းကြောင့် မိမိတို့၏ အလုပ်ကို ရိုးသားစွာလုပ်ကိုင်ရမည်ဟု ပြောကာ တရားမဝင် ပြုလုပ်ခြင်းကို လုံးဝသည်းခံမည်မဟုတ်ဟုလည်း ဆိုသည်။

စစ်တပ်နှင့်ရဲတပ်ဖွဲ့သည် နိုင်ငံကို ထိန်းသိမ်းရေးနှင့်တိုးတက်ရေးဆီသို့လမ်းပြရန် အရေးပါသူများ ဖြစ်သည်ဟု လည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source:Bangkokpost

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်လက်နက်ထောက်ပံ့မှု တိုးမြှင့်ဖို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ယူကရိန်းသို့ သွားရောက်

By CNI
CNI
Category: Watch TV
Hits: 627

Share
Tweet
Share
Share
powered by social2s

စစ်အင်အားကိုမြှင့်တင်ရေး ရည်မှန်းချက်များကို ကင်မ်ဂျုံအန်ချပြ

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

မြန်မာနိုင်ငံက ညွန့်ပေါင်းစနစ်ဖြင့် အလုပ်ဖြစ်နိုင်လား

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s
တိုင်းရင်းသားများ စုပေါင်းသပိတ်ကိုတွေ့ရစဉ် (စိုင်းအောင်မိန်း-GETTY IMAGES)

မြန်မာနိုင်ငံက ညွန့်ပေါင်းစနစ်ဖြင့် အလုပ်ဖြစ်နိုင်လား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1423

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉

အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ရွေးကောက်ပွဲ ကျင်းပ၍ ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်လာနိုင်သည်ဟု ပြောနေသည့်တိုင် မြန်မာနိုင်ငံက ညွန့်ပေါင်းစနစ်ဖြင့် အလုပ်ဖြစ်နိုင်လားဆိုသည်ကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ငြင်းခုံရဦးမည်ဟု မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ သုံးသပ်နေကြသည်။

PR စနစ် ကျင့်သုံးရုံဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းခြင်းမှာ လွယ်ကူသည်ဟု ပြော၍ မရသေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။

ဦးစိုင်းလိတ်က "PR စနစ်လုပ်ရုံနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့ရတာ လွယ်တယ် ခက်တယ်ဆိုတာ ချက်ချင်းပြောလို့ မရ ဘူးဗျ၊ သူတို့ ကျင့်သုံးမယ့် PR က ဘယ်လို PR စနစ်မျိုးလည်းဆိုတာ အတိအကျသိဖို့ လိုအပ်တယ်ပေါ့နော်၊ နောက် ညွန့်ပေါင်းအစိုးရ ဖွဲ့တယ်ဆိုတာကလည်း နိုင်ငံ‌ရေးအရ ခံယူချက်ချင်း တူရင်တော့ ပေါင်းလို့ရတာကိုး၊ ဆို တော့ ဒီမိုကရက်တစ် အင်အားစု အချင်းချင်း ပေါင်းလို့ရအောင် လုပ်ထားတဲ့ အနေအထားလား ဒါမှမဟုတ် ဒီမိုကရက်တစ် အင်အားစုတွေ လှုပ်ရှားလို့မရအောင် လုပ်ထားတဲ့ အနေအထားလားဆိုတာလည်း သုံးသပ်ဖို့လိုပါ တယ်၊ ညွန့်ပေါင်းစနစ်ဆိုတာက ဒီမိုကရေစီ အင်အားစုအချင်းချင်း ပေါင်းလို့ရတဲ့ ညွန့်ပေါင်းစနစ်မျိုး ဆိုရင်လည်း ကောင်းတာပေါ့၊ အဲဒီလိုမဟုတ်ဘဲနဲ့ အာဏာရလိုမှု တစ်ခုတည်းနဲ့ အနိုင်ရရင်ပြီးရော လုပ်ပြီးတော့မှ တရားမျှတ သည် ဖြစ်စေ၊ မမျှတသည်ဖြစ်စေ၊ ပေါင်းလို့ရရင်ပြီးရော ဆိုပြီးလုပ်တဲ့ စနစ်မျိုး ဆိုလို့ရှိရင်တော့ ဒါဘယ်သူ့ အတွက်မှ အကျိုးရှိတဲ့ ညွန့်ပေါင်းစနစ်မျိုး မဟုတ်နိုင်ဘူးလို့ ကျနော် ဒီလိုပဲ မြင်တယ်ဗျ" ဟု ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ်အတွင်း PR စနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ပြောကြားထားသည်။

အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု(NDF)တွင် ပါ၀င်ကြသော တိုင်းရင်းသားများအလံကိုတွေ့ရစဉ် (GETTY IMAGES)

ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ပါက ပါတီတစ်ခုတည်းက ထင်ရာစိုင်း၍ မရတော့ကြောင်း၊ မြန်မာပြည်တွင် လူမျိုးပေါင်းစုံ ရှိသည့်အတွက် ညွန့်ပေါင်းစနစ်က ပိုသင့်လျော်သည်ဟု ယူဆကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က "ညွန့်ပေါင်းရဲ့ မတူကွဲပြားတဲ့ အယူအဆလေးတွေနဲ့ နိုင်ငံကို တည်ဆောက်ကြမှာ ဖြစ်တဲ့ အခါကြတော့ တစ်မျိုးတော့ ကောင်းတာပေါ့၊ ဘာလို့လဲဆိုရင် မြန်မာနိုင်ငံက လူမျိုးပေါင်းစုံ ရှိတာမို့လို့ ညွန့်ပေါင်း နဲ့ပဲ ပိုပြီး လျော်ညီတယ်လို့ ထင်တယ်၊ တခြားနိုင်ငံတွေလို ကမ္ဘောဒီးယားဆိုရင် ကမ္ဘောဒီးယားလူမျိုး တစ်မျိုးထဲပဲ ရှိတာ၊ ဂျပန်ကလည်း ဂျပန်လူမျိုး တစ်မျိုးထဲပဲရှိတာကို၊ ကျနော်တို့ နိုင်ငံမှာ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံရှိတဲ့ အခါကြတော့ မတူကွဲပြားတဲ့ အယူအဆရှိတဲ့ ပါတီတွေ သူ့ပါတီရဲ့ မူဝါဒတွေကို အကောင်အထည် ဖော်ပေးတဲ့ အစိုးရ အဖွဲ့ဝင်တွေ ပါလာရင် ပိုကောင်းတာပေါ့၊ ကတ်ဘိနက်မှာ ငြင်းကြပြုကြတဲ့ အခါတောင်မှ သူ့ဒေသ၊ ကိုယ့် ဒေသလည်း ဘတ်ဂျက်ခွဲဝေမှုက အစ‌ပေါ့ဗျာ၊ နိုင်ငံရေး၊ စစ်ရေးအထိပေါ့၊ တည်ငြိမ်အေးချမ်း‌အောင် ပိုပြီး စွမ်းဆောင်နိုင်မယ်ထင်တယ်" ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့် အတူ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဒီမိုကရေစီအရေး တောင်းဆိုကြသူများမှ ဆင်နွှဲလျက်ရှိသည်။

 ဒီမိုကရေစီအရေးတောင်းဆိုနေကြခြင်း (GETTY IMAGES)

လက်ရှိအချိန်တွင် အစိုးရဖွဲ့စည်းရေးကိစ္စများ လုပ်ဆောင်ရမည့် အချိန်မဟုတ်သေးကြောင်း၊ တော်လှန်ရေးကာလ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "အဲဒါတွေ စဉ်းစားရမဲ့ အချိန်မဟုတ်ပါဘူးဗျာ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သူပြုတ်ကိုယ်ပြုတ်၊ သူပြတ်ကိုယ်ပြတ် တိုက်ကြမယ့် ခေတ်ပါ၊ ခင်ဗျား ညွန့်ပေါင်းအစိုးရတို့ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ဟာတွေက အဲဒါတွေက စဉ်းစား ရမယ့် အချိန်တွေလည်း မဟုတ်ပါဘူး။ လိုလည်းမလိုပါဘူး။ တစ်ဖက်ဖက်က အနိုင်ရဖို့၊ အသာစီးရဖို့၊ ပြတ်ပြတ် သားသားနိုင်ဖို့ ကျနော်တို့ လုံးပမ်းရမယ့် အချိန်ဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိနေကြောင်း ဌာနဆိုင်ရာများ၏ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကနေ တဆင့် ပေါ်ပေါက်လာသော အစိုးရဖွဲ့စည်းမှုများတွင် အနိုင်ရသည့် ပါတီတစ်ခုတည်းကသာ အစိုးရဖွဲ့စည်းကာ အုပ်ချုပ်ခဲ့ လွှတ်တော်တွင်းနှင့် အစိုးရအဖွဲ့အစည်းအတွင်း လွှမ်းမိုး ချုပ်ကိုင်ခဲ့ကြသည်။

ထို့ကြောင့် လူနည်းစု တိုင်းရင်းသားများက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် တောင်းဆိုမှုများ ရှိခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်း ကိုယ်တိုင်လက်နက်မချလျှင် လက်နက်ချအောင်လုပ်မည်ဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

တရုတ်၏ ဖိအားများရှိလာချိန် ထိုင်ဝမ်တွင် စစ်မှုမထမ်းမနေရ စနစ်ကိုသက်တမ်းတိုး

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s

ထောင်ချခံထားရသည့် တောင်ကိုရီးယားသမ္မတဟောင်း လွတ်ငြိမ်းချမ်းသာခွင့် ရရှိ

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

NSPNC ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဖိတ်ကြားမှု အခက်အခဲရှိ၍ EAO အချို့မတက်ရောက်

By CNI
CNI
Category: Watch TV
Hits: 644

Share
Tweet
Share
Share
powered by social2s
လာဗရော့ဗ်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်း ကိုယ်တိုင်လက်နက်မချလျှင် လက်နက်ချအောင်လုပ်မည်ဟု ရုရှားပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2050

CNI International News

ကိယတ်ဗ်၊ ဒီဇင်ဘာ ၂၈

ယူကရိန်းအနေဖြင့် ကိုယ်တိုင်လက်နက်ချလျှင်ချ မချပါက လက်နက်ချအောင်လုပ်မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလာဗရော့ဗ် (Sergey Lavrov)က အင်္ဂါနေ့တွင် သတိပေးခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းအနေဖြင့် စစ်ရေးလှုပ်ရှားမှုများ မလုပ်ဆောင်ရန်၊ နာဇီဝါဒကို ဖယ်ရှားရန်နှင့် ရုရှား၏ တောင်းဆိုမှု များကို လိုက်လျောရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် ရုရှားကိုစစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှုများ မလုပ်ဆောင်ရန်လည်း လိုအပ်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လာဗရော့ဗ် (Sergey Lavrov)က ပြောသည်။

လာဗရော့ဗ်က ရုရှားကို အားနည်းစေရေးအတွက် အနောက်အုပ်စုမှ ယူကရိန်းစစ်ပွဲကို လောင်စာ ဖြည့်ပေးနေကြောင်း စွပ်စွဲခဲ့ကာ လက်ရှိပဋိပက္ခကို မည်မျှကြာစေမည်လဲဆိုသည်မှာ ယူကရိန်းနှင့် အမေရိကန်နိုင်ငံတို့ပေါ် တွင်သာ မူတည်သည်ဟုလည်း ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ် (GETTY IMAGES)

ပဋိပက္ခကြာမြင့်ချိန် အခြေအနေသည် ယူကရိန်းအစိုးရနှင့် ၎င်းတို့ကို နောက်ကွယ်မှ ထောက်ပံ့နေသော အမေရိကန်တို့ ပေါ်တွင်သာ မူတည်ကြောင်းနှင့် အဓိပ္ပါယ်မရှိသော ခုခံမှုများကို ယူကရိန်းအနေဖြင့် အချိန်မရွေး ရပ်တန့်နိုင် ကြောင်း လာဗရော့ဗ်က ရုရှားသတင်းဌာန တစ်ခုဖြစ်သော Tass သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

အဆိုပါ လာဗရော့ဗ်၏ ပြောဆိုမှုများအပေါ် တုန့်ပြန်ရာတွင် ယူကရိန်းသမ္မတ အကြံပေး မီခိုင်လို ပိုဒေါ်ယတ် (Mykhailo Podoyak) က ရုရှားအနေဖြင့် အခြေအနေအမှန်ကို လက်ခံရန်လိုအပ်သည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။

လုံးဝ တပ်ဖျက်သိမ်းခြင်း၊ လက်နက်များကို ထိပ်လန့်တကြား ရှာဖွေခြင်း၊ အီရန်နှင့်လျှို့ဝှက်စာချုပ်များ ချုပ်ဆို ခြင်းအပြင် လာဗရော့ဗ်၏ ခြိမ်းခြောက်မှုများက အလုပ်ဖြစ်မှာ မဟုတ်ကြောင်း၊ ယူကရိန်းအနေဖြင့် သိမ်းပိုက်ခံ ထားရသော နယ်မြေများမှ ကျူးကျော်သူများကို အပြီးသတ် မောင်းထုတ်ပြီးမှသာလျှင် လက်နက်ချမည်ဖြစ်ကြောင်း၊ အဆုံးသတ်ကို တိတ်တဆိတ် စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ပိုဒေါ်ယတ်က ပြောသည်။

အစောပိုင်း အေပီသတင်းဌာနနှင့် အင်တာဗျူးရာတွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာ (Dmytro Kuleba)က ယူကရိန်းအစိုးရအနေဖြင့် စစ်ပွဲကို အဆုံးသတ်ရေး ညီလာခံတစ်ခု ကျင်းပလိုကြောင်း သို့သော် ထိုညီလာခံတွင် ရုရှားပါဝင်မည်ဟု မမျှော်လင့်ကြောင်း ပြောခဲ့သည်။

ကုသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်ကိုတွေ့ရစဉ် (GETTY IMAGES)

ကူလီဘာ၏ ပြောဆိုမှုတွင် ယူကရိန်းအနေဖြင့် ကုသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် ( Antonio Guterres)ကို ဖျန်ဖြေပေးသူအဖြစ် ခန့်အပ်ကာ နှစ်လအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပလိုသည်ဟု ပါဝင်သည်။

သို့သော် ရုရှားနှင့်တိုက်ရိုက် ဆွေးနွေးမှုများ မလုပ်ဆောင်ခင် ရုရှားအနေဖြင့် စစ်ရာဇဝတ်မှုခုံရုံးတွင် တရား ရင်ဆိုင်ရမည်ဟုလည်း ၎င်းက ပြောသည်။

ထိုအခြေအနေများက ယူကရိန်းစစ်ပွဲကို ရပ်တန့်ရေးအတွက် မည်မျှရှုပ်ထွေး၊ ခက်ခဲနေသည်ကို ဖော်ပြနေသည်။

ရုရှားတပ်ဖွဲ့များ မရုပ်သိမ်းမချင်း ဆွေးနွေးမှုများ လုပ်ဆောင်မည် မဟုတ်ဟု ယူကရိန်းဘက်က ပြောဆိုထားပြီး စစ်ရေးအရ အသာစီး ရရှိမှုများနှင့် ခရိုင်းမီးယား ကျူးကျော်ထားမှုအပေါ် လျစ်လျူမရှုသင့်ဟု ရုရှားက ပြောဆို ထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှား ၏ Iskander ဒုံးကျည်စနစ်များ အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီဟု ဘယ်လာရုစ်ပြော

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအပြီး နိုင်ငံရေးအခင်းအကျင်းသစ်က ဘာလဲ

By CNI
CNI
Category: Watch TV
Hits: 688

Share
Tweet
Share
Share
powered by social2s

အာဆင်ဝင်းဂါးက မှန်ကန်တဲ့ အချိန်မှာရောက်လာခဲ့တယ်လို့ အာတီတာ ပြော

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားဒရုန်းများကို တောင်ကိုရီးယားမှ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ချ

By CNI
CNI
Category: Watch TV
Hits: 824

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ခုနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ၅၈ ခုရှိပြီး တရုတ်က အများဆုံးဖြစ်

By CNI
CNI
Category: Watch TV
Hits: 660

Share
Tweet
Share
Share
powered by social2s
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30

Page 26 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar