CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ထိုင်းရှိ နိုင်ငံကူးလက်မှတ်သက်တမ်းကုန် မြန်မာများကို စက်ရုံများထိ လာလုပ်ပေးမည်

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s

ပီရူးရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများတွင် ရဲတစ်ဦး မီးရှို့အသတ်ခံရ

By CNI
CNI
Category: Watch TV
Hits: 795

Share
Tweet
Share
Share
powered by social2s

ဘော်ဆိုနာရို ဖလော်ရီဒါ ရောက်နေမှုက အမေရိကန်အပေါ် ဖိအားများရှိလာ

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s

အိမ်နီးချင်း နိုင်ငံများအနေဖြင့် နစကကို အရေးယူရန် NUG တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s
ပီရူးနိုင်ငံ ဂျူလီယာကာမြို့တော်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့က ဆူပူအုံကြွမှုအတွင်း သေဆုံးသွားသည့် လူတစ်ဒါဇင်ကျော်၏ ဈာပနမြင်ကွင်း(ဓါတ်ပုံ-အေပီ)

ပီရူးရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများတွင် ရဲတစ်ဦး မီးရှို့အသတ်ခံရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1219

CNI International News

လီမာ၊ ဇန်နဝါရီ ၁၂

ပီရူးနိုင်ငံ ပူနို(Puno) ပြည်နယ်တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဆန္ဒပြသူများက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု တာဝန်ရှိသူများက အင်္ဂါနေ့တွင်ပြောကြားသည်ဟု AP သတင်းတွင်ဖော်ပြသည်။

ယင်းကြောင့် သမ္မတ ပီဒရို ကတ်စတီလို (Pedro Castillo)ကို ဖြုတ်ချခြင်းကြောင့်ပေါ်ပေါက်လာသော ဆန္ဒပြပွဲ များအတွင်း သေဆုံးသူအရေအတွက်သည် ၄၇ ဦးအထိရှိလာပြီလည်းဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် ဟိုဆေးလူးဝစ္စဆွန်ကိုကွစ်စပီ(Jose Luis Soncco Quispe) သည် ၎င်း၏လုပ်ဖော် ကိုင်ဖက်တစ်ဦးနှင့်အတူ တနင်္လာနေ့ညတွင် ဂျူလီယာကာ(Juliaca) မြို့၌ ကင်းလှည့်ခဲ့ကြပြီး ၎င်းတို့ကို လူရမ်းကားတစ်စုက တိုက်ခိုက်ခဲ့ကာ ကားကိုပါ မီးရှို့ခဲ့သည်ဟု ပီးရူးရဲတပ်ဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆွန်ကို၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူမှာ ရော်နယ် ဗီလက်ဆန်တီ (Ronald Villasante) ဆိုသူဖြစ်ပြီး ၎င်းတို့ကို ဆန္ဒပြသူ ၃၅၀ ခန့်က ဖမ်းဆီးထိန်းသိမ်းကာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည်။ ဗီလက်ဆန်တီသည် ရိုက်နှက်ခံရမှုများကြောင့် ဦးခေါင်းတွင် ဒဏ်ရာများစွာရရှိခဲ့ပြီး လီမာမြို့ရှိ ဆေးရုံတစ်ခုသို့တင်ခဲ့ရကြောင်း၊ ၎င်းသည် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဆွန်ကို သေဆုံးခြင်းကိုလည်း မသိရှိကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ဆူပူအုံကြွမှုအတွင်း သေဆုံးခဲ့ရသည့် သူငယ်ချင်းတစ်ဦး၏ ခေါင်းတလားကို ဖက်ပြီး ငိုနေသည့် အမျိုးသမီး တစ်ဦး(ဓါတ်ပုံ-အေပီ)

ပီရူးဝန်ကြီးချုပ် အယ်လ်ဘာတို အော်တာရိုလာ (Alberto Otarola) ကလည်း ဆွန်ကိုသေဆုံးမှုကို အတည်ပြု ပေးခဲ့ကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့သည်ဟု လွှတ်တော်အစီအစဉ်တစ်ခုတွင် ပြောခဲ့ သည်။ အခင်းဖြစ်ရာသို့ ရဲများရောက်ရှိချိန်တွင် ရဲတစ်ဦးကို ကြိုးတုပ်ရိုက်နှက်ထားကြောင်း၊ ဆွန်ကိုမှာ ကင်းလှည့် ကားပေါ်တွင် အရှင်လတ်လတ်မီးရှို့ခံရမှုကြောင့် သေဆုံးနေပြီဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ယင်းကြောင့် ပူနိုပြည်နယ်တွင် ည ၈ နာရီမှ မနက် ၄ နာရီ ညမထွက်ရအမိန့်ကို သုံးရက်ကြာ ထုတ်ပြန်ထား ကြောင်းနှင့် ဆွန်ကိုသေဆုံးမှုအတွက် ဗုဒ္ဓဟူးနေ့ကို အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်းလည်း အော် တာရိုလာက ပြောသည်။

ပီရူးနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်း(Peru’s Ombudsman’s Office) ၏ အဆိုအရ ကတ်စတီလိုကို ဖြုတ်ချခဲ့သည့် ဒီဇင်ဘာလအစောပိုင်းမှ စတင်ခဲ့သော ဆန္ဒပြမှုများအတွင်း ရဲများနှင့် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် အရပ်သား ၃၉ ဦးသေဆုံးကာ ခုနှစ်ဦးမှာ ယာဉ်မတော်တဆမှုများအတွင်း သေဆုံးခဲ့ ကြောင်း၊ ယခု ဆွန်ကို သေဆုံးမှုကြောင့် စာရင်းမှာ ၄၇ ဦးအထိ မြင့်တက်လာပြီဟု သိရသည်။

ဆွန်ကို သေဆုံးမှုမတိုင်ခင် တနင်္လာနေ့က ဂျူလီယာကာမြို့တော်(Juliaca)တွင် ကတ်စတီလိုကို ထောက်ခံဆဲ ဖြစ်သော ကျေးလက်ဒေသများ၌ ရွေးကောက်ပွဲများကို ပြန်လည်စတင်ရန် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အဆိုပါ ဖြစ်စဉ်များတွင် ဆန္ဒပြသူ ၁၇ ဦး သေဆုံးခဲ့ရသည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယီမင်သို့ပို့ဆောင်မည့် အီရန်ချေမှုန်းရေးရိုင်ဖယ်များကို အမေရိကန်ရေတပ်သိမ်းဆည်း

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

မလေးရှားရှိ တိုင်းရင်းသားအဖွဲ့အစည်းအချို့ အဖမ်းခံရမှု UNHCR ကို ဖိအားပေးသင့်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 761

Share
Tweet
Share
Share
powered by social2s

လုံခြုံရေးအာမခံချက်မရှိလျှင် ရွေးကောက်ပွဲကို ဖျက်သိမ်းရမည်ဟု နိုင်ဂျီးရီးယားပြော

By CNI
CNI
Category: Watch TV
Hits: 657

Share
Tweet
Share
Share
powered by social2s

နွေဦးတော်လှန်ရေးမှာ မပါဝင်ရန် CNF ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 675

Share
Tweet
Share
Share
powered by social2s

ပြည်သူပိုင်နေရာများမှ ပါလက်စတိုင်းအလံများကို ဖယ်ရှားရန် အစ္စရေးအစိုးရညွှန်ကြား

By CNI
CNI
Category: Watch TV
Hits: 671

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ မြန်မာသံရုံးက မြန်မာအလုပ်သမားများအပေါ် တာဝန်ယူဆောင်ရွက်ပေးမှု ညံ့ဖျင်း

By CNI
CNI
Category: Watch TV
Hits: 737

Share
Tweet
Share
Share
powered by social2s

လွှတ်တော်နှင့်သမ္မတနန်းတော်ကို စီးနင်းသူများထဲမှ လူ ၃၀၀ ကို ဘရာဇီးလ်ရဲတပ်ဖွဲ့ဖမ်းဆီး

By CNI
CNI
Category: Watch TV
Hits: 776

Share
Tweet
Share
Share
powered by social2s

လက်နက်ကိုင် တိုက်ခိုက်မှုများရပ်တန့်ရန် လိုအပ်ဟု နစကဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 635

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်သို့ရည်ရွယ်ကာ တရုတ်က အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်

By CNI
CNI
Category: Watch TV
Hits: 653

Share
Tweet
Share
Share
powered by social2s
တရုတ်ပိုင် တိုက်လေယာဉ်တစ်စင်း ပျံသန်းနေခြင်းကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားခြင်း(ဓါတ်ပုံ-အေပီ)

ထိုင်ဝမ်သို့ရည်ရွယ်ကာ တရုတ်က အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1192

CNI International News

တိုင်ပေ၊ ဇန်နဝါရီ ၁၀

တရုတ်စစ်တပ်သည် တနင်္ဂနွေနေ့မှစတင်ကာ အကြီးစားပူးတွဲ ချေမှုန်းရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်ဘက်သို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများစေလွှတ်ခဲ့ကြောင်း တရုတ်နှင့်ထိုင်ဝမ်ကာကွယ်ရေး ဌာနများမှ ပြောကြားခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

ထိုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်သို့ တနင်္လာနေ့မနက်တွင် ဂျာမနီလွှတ်တော်အမတ်အဖွဲ့တစ်ဖွဲ့ရောက်ရှိလာမှု နှင့်လည်း တိုက်ဆိုင်နေသည်။ အဆိုပါ ဂျာမနီအဖွဲ့ကို လွှတ်တော်ကာကွယ်ရေးကော်မတီ ခေါင်းဆောင်က ဦးဆောင်သည်။ ၎င်းတို့သည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝန် (Tsai Ing-wen)၊ ထိုင်ဝမ်အမျိုးသားလုံခြုံရေးကောင်စီ အပြင် တရုတ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကိုင်တွယ်ရသည့် ပြည်မကြီးရေးရာကောင်စီတို့နှင့် တွေ့ဆုံ သွားမည်ဖြစ်သည်။

တရုတ်သည် နေ့တိုင်းနီးပါးပင် ထိုင်ဝမ်ဘက်သို့ စစ်လေယာဉ်များ(သို့မဟုတ်)ရေတပ်သင်္ဘောများ စေလွှတ်ကာ ထိုင်ဝမ်စစ်တပ်ကို ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ထိုင်ဝမ်သည် ၎င်းတို့အပိုင်ဖြစ်သည်ဟုလည်း တရုတ်ဘက်ကပြောသည်။ တရုတ်၏ တနင်္ဂနွေစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့တွင်လည်း ဆက်လက်ပြုလုပ် ခဲ့ပြီး ၎င်း၏စစ်လေယာဉ်များနှင့် သင်္ဘောများကို ဒုံးကျည်စနစ်များမှ စောင့်ကြည့်နေသည်ဟု ထိုင်ဝမ် ကာကွယ် ရေးဌာနက ပြောသည်။ တရုတ်၏လုပ်ရပ်များသည် ထိုင်ဝမ်ရေလက်ကြားနှင့် အနီးအနားရေပြင်၏ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးတို့ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်နေသည်ဟုလည်း ၎င်းတို့က ပြောသည်။

တနင်္လာနေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့၏ လမ်းဆုံလမ်းခွတစ်ခုတွင် အများပြည်သူ ကြည့်ရှုစရာ ကြော်ငြာဆိုင်းဘုတ်၌ တရုတ်နိုင်ငံမှ စစ်ရေးလေ့ကျင့်နေမှုများကို ပြသထားစဉ်(ဓါတ်ပုံ-အေပီ)

တနင်္ဂနွေ မနက် ၆ နာရီမှ တနင်္လာနေ့ မနက် ၆ နာရီအထိ ၂၄ နာရီကြာ အချိန်အတွင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ စစ်လေယာဉ် ၅၇ စင်းနှင့် စစ်သင်္ဘော ၄ စီးတို့ ထိုင်ဝမ်ဘက်သို့ ဦးတည်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါလေယာဉ်များမှ ၂၈ စင်းသည် တရားမဝင်သော်လည်း ယခင်က နှစ်နိုင်ငံစလုံး အသိအမှတ်ပြုထားသည့် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ကျော်ဖြတ်ခဲ့သည်ဟုလည်း ပြောသည်။ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု နှင့်ပတ်သက်၍ တနင်္ဂနွေနေ့ ည ၁၁ နာရီတွင် ကြေညာခဲ့ပြီး မြေပြင်ပစ်ခတ်မှုနှင့် ပင်လယ်တွင်း တိုက်ခိုက်မှု တို့ကို လေ့ကျင့်ရန်ရည်ရွယ်သည်ဟု ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် တရုတ်သည် ထိုင်ဝမ်ဘက် သို့ စံချိန်တင်စစ်လေယာဉ် ၇၁ စင်းနှင့်သင်္ဘော ၇ စီးစေလွှတ်ခဲ့သည်။ ယင်းက ၂၀၂၂ ခုနှစ်အတွင်း အကြီးမားဆုံး သောစစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။

ထိုင်ဝမ်သည်လည်း လာမည့် ဗုဒ္ဓဟူးနေ့မှ စတင်ကာ ၎င်းတို့၏နှစ်စဉ်ပြုလုပ်နေကြ နှစ်ရက်ကြာစစ်ရေးလေ့ကျင့် မှုကိုပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါလေ့ကျင့်မှုက ယင်းတို့၏ ကာကွယ်ရေးစွမ်းရည်ကို ပြသရန်ရည်ရွယ်ခြင်း လည်းဖြစ်သည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘော်ဆိုနာရို ထောက်ခံသူများက ဘရားဇီးလ်နိုင်ငံရဲ့ နိုင်ငံရေးအဆောက်အဦများကို သိမ်းပိုက်ထားစဉ် (AP)

လွှတ်တော်နှင့်သမ္မတနန်းတော်ကို စီးနင်းသူများထဲမှ လူ ၃၀၀ ကို ဘရာဇီးလ်ရဲတပ်ဖွဲ့ဖမ်းဆီး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1557

CNI International News

ဘရာစီးလီးယား၊ ဇန်နဝါရီ ၁၀

ဘရာဇီးလ်ရဲတပ်ဖွဲ့သည် လူရာချီ ဖမ်းဆီးကာ သမ္မတဟောင်း ဘော်ဆိုနာရို(Bolsonaro )အား ထောက်ခံသည့် အဓိကရုန်း ဖန်တီးသူများကို ၎င်းတို့ သိမ်းပိုက်ထားရာ နေရာများမှ ဖယ်ရှားခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

သမ္မတဟောင်းကို ထောက်ခံသူများသည် နိုင်ငံ၏လွှတ်တော်၊ သမ္မတနန်းတော်နှင့် ဗဟိုတရားရုံးချုပ်တို့ကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်တွင် မြို့တော် ဘရာစီးလီးယား (Brasilia) ၌ အနည်းဆုံးလူ ၃၀၀ ကို ထိန်းသိမ်း ခဲ့သည်ဟု ပါဝင်သည်။

ယင်းတို့သည် ဘော်ဆိုနာရို ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံကြသူများဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်တွင် အမေရိကန် လွှတ်တော်အဆောက်အဦအား ဒေါ်နယ်ထရမ့် ထောက်ခံသူများက ဝင်ရောက်ကျူးကျော်သည့် ဖြစ်ရပ်နှင့်တူညီစွာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့် ထောက်ခံသူများက လွှတ်တော်ကို သိမ်းပိုက်ခဲ့စဉ် (AP)

နောက်ဆုံး တစ်ဦးကို ရှာဖွေ ဖော်ထုတ်နိုင်သည်အထိ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

လက်ရှိအချိန်အထိ အဆိုပါဖြစ်ရပ်တွင် ထိခိုက်သေဆုံးမှု ရှိသည်ဆိုသည့် သတင်းမျိုး မတွေ့ရသေးပေ။ သို့သော် သမ္မတဟောင်းကို ထောက်ခံသူများသည် ဝင်ရောက်စီးနင်းမှုများတွင် ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

၎င်းတို့သည် သမ္မတနန်းတော်ရှိ ပြတင်းပေါက်များမှ ပရိဘောဂများကို လွှင့်ပစ်ခဲ့ကြသလို လွှတ်တော် အစိတ် အပိုင်းတချို့ကို မီးသတ်ရေပန်းစနစ်ဖြင့် ပက်ဖျန်းခဲ့ပြီး ဗဟိုတရားရုံးချုပ်ရှိ အခမ်းအနား ကျင်းပရာ အခန်းများကိုလည်း မွှေနှောက်ခဲ့ကြသည်။

ယခု ဆူပုံအုံကြွမှုသည် သုံးနာရီကျော်သာ ကြာမြင့်ခဲ့သော်လည်း ယင်းက နှစ်ခြမ်းကွဲနေသော ဘရာဇီးလ်နိုင်ငံမှ နိုင်ငံရေး အခြေအနေကို မီးမောင်းထိုးပြနေသည်။

ထိုကွဲလွဲမှုသည် လက်ဝဲယိမ်းသမ္မတ လူဝစ္စ အင်နာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva) ၏ သမ္မတအဖြစ် ကျမ်းကျိန်ဆိုပြီးနောက် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

လက်ဝဲယိမ်းသမ္မတ လူဝစ္စ အင်နာစီယို လူလာ ဒါဆေးလ်ဗားကိုတွေ့ရစဉ် (AP)

ဆာပေါ်လို (Sao Paulo) မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် လူလာက ဘော်ဆိုနာရိုသည် ဖက်ဆစ်တစ်ယူသန်များကို ဆူပူမှုများ လုပ်ဆောင်ရန် မြှောက်ပေးနေသည်ဟု စွပ်စွဲကာ ဘရာစီးလီးယားမြို့ လုံခြုံရေးကို ပြန်လည်ထိန်းချုပ်ရေး ဖက်ဒရယ်အစိုးရကို ညွှန်ကြားသည့် လောလောလတ်လတ် လက်မှတ်ထိုး ထားသော အမိန့်တစ်ခုကိုလည်း ဖတ်ကြားခဲ့သည်။

ထို့နောက် သမ္မတသည် ဘရာစီးလီးယားသို့ ပြန်သွားကာ ဆူပူသူများ သိမ်းပိုက်ခဲ့သည့် အဆောက်အဦများကို သွားရောက် ကြည့်ရှုခဲ့သည်ဟု ဘရာဇီးလ်မီဒီယာတစ်ခုတွင် ဖော်ပြသည်။

သမ္မတဟောင်း ဘော်ဆိုနာရိုသည် လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံသေးပေ။ ၎င်းသည် သမ္မတ သက်တမ်းမကုန်ခင် ရက်ပိုင်းကပင် အမေရိကန်နိုင်ငံ ဖလော်ရီဒါသို့ သွားရောက်ခဲ့ပြီး ဘရာစီးလီးယားမှ ဖြစ်ရပ်များနှင့်ပတ်သက်၍ ခြောက်နာရီကြာ နှုတ်ဆိတ်နေခဲ့သည်။

သို့သော် လူလာ၏ စွပ်စွဲချက် ပေါ်ထွက်လာပြီးနောက် ပြည်သူပိုင် အဆောက်အဦများကို ကျူးကျော် ဝင်ရောက် ခြင်းအပေါ် ရှုတ်ချကြောင်းနှင့် လူလာ၏ စွပ်စွဲမှုများကို ငြင်းဆိုကြောင်း တွစ်တာတွင် ရေးသားတုန့်ပြန်ခဲ့သည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26

Page 22 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar