CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အာဏာရှင်အစစ်က ဘယ်သူလဲဟု အီရန်သမ္မတ မေးခွန်းထုတ်

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

ထိုင်းတွင် မြန်မာအပါ ခွင့်ပြုကာလကျော်လွန် နေထိုင်သူများကို စီမံချက်ဖြင့်ဖမ်း

By CNI
CNI
Category: Watch TV
Hits: 662

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေး ပဋိပက္ခအတွင်း ပီရူးသမ္မတကို ရာထူးမှဖယ်ရှား

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းက ဘာလဲ

By CNI
CNI
Category: Watch TV
Hits: 643

Share
Tweet
Share
Share
powered by social2s

ကာဒစ်ဇ်နဲ့ပွဲက စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ အဲရစ်တန်ဟတ် ပြော

By CNI
CNI
Category: Watch TV
Hits: 668

Share
Tweet
Share
Share
powered by social2s

ကားဂိတ်များက လက်မခံသေး၍ ရခိုင်မှာ ဆေးဝါးပြတ်လပ်နေဆဲ

By CNI
CNI
Category: Watch TV
Hits: 648

Share
Tweet
Share
Share
powered by social2s

ဂျာမနီတွင် အာဏာသိမ်းရန် ကြံစည်မှုဖြင့် လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီး

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s
ဘူးသီးတောင်မြို့နယ်အတွင်းမှာ နိပွန်ဖောင်ဒေးရှင်းက ဆန်အိတ်များ လှူဒါန်းနေစဉ် (နိရဥ္စရာ)

တိုက်ပွဲရှောင်စာရင်းမကိုက်၍ နိပွန်ဖောင်ဒေးရှင်းက ဆန်လှူဒါန်းမှု ယာယီရပ်နား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1484

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲရှောင်များအတွက် နိပွန်ဖောင်ဒေးရှင်းမှ ဆန်လှူဒါန်းခြင်းကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

နိပွန်ဖောင်ဒေးရှင်းမှ ရရှိထားသည့် မြေပြင် အချက်အလက်နှင့် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး က ပေးထားသည့် တိုက်ပွဲရှောင်စာရင်း ကွာခြားနေခြင်းနှင့် တချို့နေရာများမှာ တိုက်ပွဲရှောင် မရှိသည့် နေရာ ဖြစ် နေခြင်းကြောင့် ဆန်လှူဒါန်းမှုကို ယာယီရပ်နားလိုက်ရခြင်းဖြစ်သည်ဟု နိပွန်ဖောင်ဒေးရှင်းမှ ကိုဝင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စာရင်းကွာနေလို့ပါ။ စာရင်းကွာနေတယ်ဆိုတာက ကျနော်တို့က ဒီဘက်မှာ ပေါ်လစီကကျတော့ စခန်းမှာ ရှိတဲ့ စစ်ဘေးရှောင် ဒေသခံတွေ ဖြစ်ရမယ်။ အဲဒီမှာ စခန်းလည်း ရှိနေရမယ်။ လူလည်း ရှိနေရမယ်ပေါ့နော်။ ကျနော်တို့ ထွေ/အုပ်က တင်လာတဲ့ စာရင်းကို တွက်ကြည့်လိုက်တဲ့ အခါကျတော့ စခန်း ၃ ခု ပါတာပေါ့နော်။ အဲဒီ စခန်း ၃ ခုက စခန်းလည်း မရှိဘူး။ လူလည်း မရှိဘူး၊ အဲဒီဟာတွေ ဖြစ်နေပါတယ်။ ထွေ/အုပ်က အဲဒီနေရာကို ဝေဖို့အတွက် ဆန်အိတ် ၅၇၀ သူတို့က တောင်းခံတာပေါ့နော်။ ကျနော်တို့က မြေပြင်မှာ စစ်ဆေး လုပ်ဆောင် တာတွေ လုပ်ပြီးပါပြီ။ အဲဒီနေရာတွေကို ပေးဖို့ အဆင်မပြေပါဘူး။ အဲဒါကြောင့် လောလောဆယ်မှာ ဒီဆန်တွေကို မဖြန့်ဖို့ ပြန်ပြီးတော့ တားထားလိုက်တာပါ” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်းက တိုက်ပွဲရှောင်စခန်းတစ်ခုကိုတွေ့ရစဉ်(နိရဥ္စရာ)

ဘူးသီးတောင်မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၈ ခုအတွက် ဆန်အိတ်ရေ ၁၁၁၅ အိတ်အနက် ဆန်အိတ်ရေ ၅၇၀ ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ၎င်းတို့အစီအစဉ်ဖြင့် ဖြန့်ဝေရန် တောင်းခံခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါစခန်း ၃ ခုသည် တိုက်ပွဲရှောင်များ မရှိသည့်စခန်း ဖြစ်နေကြောင်း နိပွန်ဖောင်ဒေးရှင်းဘက်က ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် လူတစ်ဦးလျှင် ဆန်တစ်အိတ်နှုန်းဖြင့် လူဦးရေ ၄၈၀၀ အတွက် ရံထားသော်လည်း ပြည်နယ်ကောင်စီမှ ၁၁၁၅ အိတ်သာ ဖြန့်ဝေခွင့် ပြုထားကြောင်း သိရသည်။

ဧပြီလကတည်းက ဆန်များကို ဖြန့်ဝေရန် စီစဉ်ထားသော်လည်း ဆန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ ဆန်ကုန်သည် များ ငွေကြေးထုတ်ယူရ အခက်အခဲ ဖြစ်နေခြင်းနှင့် နေရာပြောင်းရွှေ့ နေရမှုများကြောင့် ဒီဇင်ဘာလမှသာ စတင် ဖြန့်ဝေနိုင်ခဲ့သည်။

နိပွန်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ ရသေ့တောင်နှင့် ပေါက်တော စသည့် မြို့နယ်များအတွင်းရှိ တိုက်ပွဲရှောင်များအတွက် ဆန်အိတ်ရေ ၅၅၀၉၄ အိတ်ကို ဧပြီလအတွင်း၌ လှူဒါန်းထားခဲ့ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှီကျင့်ဖျင် ဆော်ဒီနိုင်ငံကို ရောက်လာစဉ် (AP)

ဆက်ဆံရေးတိုးမြှင့်ရန် တရုတ်သမ္မတရှီကျင့်ဖျင် ဆော်ဒီသို့ ရောက်ရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1093

CNI International News

ဒူဘိုင်း၊ ဒီဇင်ဘာ ၈

ပင်လယ်ကွေ့ နိုင်ငံများနှင့်တွေ့ဆုံရန် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဗုဒ္ဓဟူးနေ့တွင် ဆော်ဒီအာရေးဗျ နိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံအတွင်း စီးပွားရေး ကျဆင်းနေမှုကို ပြန်လည် ဦးမော့ရန် ကြိုးပမ်းမှုအဖြစ် စွမ်းအင်လိုအပ်ချက်အား ဖြည့်စည်းရန်အတွက် ထိုသို့ သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

ရှီကျင့်ဖျင် (Xi Jinping)သည် တရုတ်လေကြောင်းလိုင်း၏ ဘိုးရင် ၇၄၇ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရှီသည် လေဆိပ်တွင် ရီယတ်မြို့အုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ်ဘင်ဘန်ဒါ ( Faisal bin Bandar)နှင့် တွေ့ဆုံသည်။ အမေရိကန်ဘက်မှ စိတ်ဝင်စားမှု လျော့နည်းလာခြင်းကြောင့် ပင်လယ်ကွေ့နိုင်ငံများသည် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲရန် ကြိုးစားလျက်ရှိသည်။

ထို့အပြင် ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကြောင့်လည်း အာရပ်နိုင်ငံများက တရုတ်နှင့်ဆက်ဆံရေးကို ခိုင်မာအောင် ဆောင်ရွက်လိုနေခြင်း ဖြစ်သည်။

ရှီကျင့်ဖျင်နဲ့ ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (GETTY IMAGES)

ဆော်ဒီ ခရီးစဉ်တွင် ရှီသည် တရုတ်-အာရပ်ပြည်ထောင်စုများ ညီလာခံနှင့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေးကို တက်ရောက်မည်ဟု ယူဆရသည်။

အဆိုပါ အစည်းအဝေးတွင်း ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာနှင့် ယူအေအီးနိုင်ငံတို့ ပါဝင်သည်။

တရုတ် - အာရပ်ဆက်ဆံရေး သမိုင်းကြောင်းကို တစ်ခေတ်ဆန်းစေသည့် အောင်မြင်မှု မှတ်တိုင်တစ်ခုကို လုပ် ဆောင်မည့် အကြီးမားဆုံးနှင့် အမြင့်ဆုံးသော တရုတ်၊ အာရပ်သံတမန် အခမ်းအနားဟု တရုတ်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် ရေနံစိမ်း တင်သွင်းမှုဆိုင်ရာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ဆော်ဒီမှ ရေနံများကို နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ ဝယ်ယူလျက်ရှိသည်။ ထို့အပြင် တရုတ်နိုင်ငံအတွင်း ရေနံစိမ်း လိုအပ်ချက်နှင့်ပတ်သက် ၍လည်း ရှီက နားလည် သဘောပေါက်ထားသည်။


ယခု ခရီးစဉ်အတွင်း ရှီသည် အသက် ၈၆ နှစ်အရွယ် ဆော်ဒီဘုရင် ဆယ်လ်မန် (King Salman) အပြင် အိမ်ရှေ့စံ မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (Mohammed bin Salman) တို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

ထို့နောက် ခရီးစဉ်အတွင်း ရေနံရောင်းဝယ်မှုအပြင် ဆော်ဒီမင်းသား၏ ဒေါ်လာ ဘီလီယံ ၅၀၀ တန် နီယွန် (Neom) မြို့တော်စီမံကိန်းအတွက် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီများ ပါဝင်ရေးအတွက်လည်း ဆွေးနွေးမှုများ လုပ်ဆောင် သွားမည်ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

မွန်ဂိုလီးယား ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများဖြစ်ပွား

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s

ကူကီးတပ်ဖွဲ့များနှင့် အပစ်ရပ်စဲရေးမှ အစိုးရနှုတ်ထွက်ရန် မဏိပူရအရပ်ဖက်အဖွဲ့ပြော

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s

နိုင်ငံကိုကာကွယ်ဖို့ဝယ်ထားသည့် လက်နက်များနှင့် တိုက်ခိုက်နေဟု KNDF ပြော

By CNI
CNI
Category: Watch TV
Hits: 705

Share
Tweet
Share
Share
powered by social2s

ဆူဒန်စစ်တပ်နှင့် နိုင်ငံရေးအင်အားစုများကြား အသွင်ကူးပြောင်းရေးသဘောတူ

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s

လုပ်ခလစာကို မြှင့်တင်ပေးမည်ဟု သက်ဆင်သမီး၏ပါတီ စတင်မဲဆွယ်

By CNI
CNI
Category: Watch TV
Hits: 720

Share
Tweet
Share
Share
powered by social2s

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လျှပ်စစ်ကားများ စတင်ရောင်းချသွားမည်

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

နိုင်ငံကူးလက်မှတ် အွန်လိုင်းဘိုကင်စနစ်အသစ်တွင် ပွဲစားများ ပိုများလာနိုင်

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37

Page 33 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar