CNI International News

ပါရီ၊ ဧပြီ ၂၅

ဧပြီ ၂၄ ရက် ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် အီမန်နွယ်မက်ခရွန်သည် လက်ယာစွန်းသမ္မတလောင်း မာရင်းလီပန်၏ သမိုင်းဝင် စိန်ခေါ်မှုကို ကျော်လွှားလျက် အနိုင်ရသွားခဲ့ကြောင်း စီအင်န်အင်န်က ဖော်ပြထားသည်။

ဆန္ဒမဲ စုစုပေါင်း၏ ၅၈ ဒသမ ၅၅ ရာခိုင်နှုန်းကို မက်ခရွန်က ဧပြီ ၂၄ ရက်တွင် ရရှိခဲ့ရာ အနှစ် ၂၀ အတွင်း ဒုတိယအကြိမ် အဖြစ် ပထမဆုံး ပြန်လည်ရွေးကောက် တင်မြှောက်ခံရသည့် ပြင်သစ်ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ယခု ရွေးကောက်ပွဲသည် ၂၀၁၇ ခုနှစ် ပြင်သစ်သမ္မတ ရွေးကောက်ပွဲကို မကျေပွဲ နွှဲခဲ့ခြင်းဖြစ်သော်လည်း ဥရောပနိုင်ငံ အများ စုကတော့ စိတ်မသက်မသာဖြင့် စောင့်ကြည့်ခဲ့ကြသည်။

အကယ်၍ လီပန်သာ သမ္မတဖြစ်ခဲ့လျှင် ဥရောပသမဂ္ဂ (EU) ၊ အနောက်နိုင်ငံများအနေဖြင့် ပြင်သစ်နှင့်ဆက်ဆံရေးကို အခြေခံ ကျကျ ပြောင်းလဲစေနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

EU နှင့် အနောက်အုပ်စု မဟာမိတ်များသည် ကမ္ဘာ့အကြီးမားဆုံး စိန်ခေါ်မှုအချို့ကို ရင်ဆိုင်ရာ၌ ပါရီကို အဓိကအခန်းကဏ္ဍမှ ပါဝင်ရန် အားကိုးနေကြရာ အထူးသဖြင့် ယူကရိန်းစစ်ပွဲတွင် ဖြစ်သည်။

ရွေးကောက်ပွဲရှုံးသွားတဲ့ ပြင်သစ်သမ္မတ လီပန်(AP)

ယခုရွေးကောက်ပွဲတွင် လီပန်၏ စွမ်းဆောင်ရည်ကို ကြည့်လျှင် လက်ရှိ အခြေအနေအပေါ် ထုတ်ဖော်ပြောဆိုနိုင်ရန်အတွက် အစွန်းရောက် နိုင်ငံရေးသမားများထံသို့ ပြင်သစ်လူထု အာရုံစိုက်လာခြင်း၏ အရိပ်အယောင်ကို ပြသခဲ့သည်။

ရွေးကောက်ပွဲ ပထမအကျော့တွင် လက်ဝဲစွန်းနှင့် လက်ယာစွန်း ကိုယ်စားလှယ်လောင်းများသည် မဲအရေအတွက် ၅၇ ရာခိုင်နှုန်းကျော်စီ ရရှိခဲ့ကြသည်။ ကြားနေ မဲဆန္ဒရှင်နှုန်းမှာ ၂၈ ရာခိုင်နှုန်းရပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း တကျော့ပြန် အမြင့်ဆုံး ဖြစ်လာခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ပါရီမြို့လယ်ရှိ အီဖယ်မျှော်စင်အောက်တွင် စုဝေးနေသည့် မက်ခရွန် ထောက်ခံသူများသည် ရွေးကောက်ပွဲ အောင်ပွဲခံ သတင်း ကို ကြေညာခဲ့ပြီးသောအခါ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြသည်။

အောင်ပွဲခံ မိန့်ခွန်းထဲတွင် မက်ခရွန်က လူထုကို “ခင်ဗျားတို့ တစ်ဦးချင်းစီအတွက် သမ္မတဖြစ်စေရမည်” ဟု ထည့်သွင်း ကတိပြုခဲ့သည်။

ပြင်သစ်နိုင်ငံသားများ (AP)

မိမိအား ထောက်ခံသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်ကဲ့သို့ပင် အစွန်းရောက် သမားများ၏ အခွင့်အရေးကို ပိတ်ပင်ဖို့ မိမိကို မဲပေးကြခြင်းအား အသိအမှတ်ပြုပါကြောင်း မက်ခရွန်က ဆက်လက် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ၏ လက်ရှိ ရင်ဆိုင်နေရသော ပြဿနာအားလုံးကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ၎င်းက အာမခံခဲ့ပြီး ယခု သမ္မတရာထူး ဒုတိယသက်တမ်းသည် ပထမသက်တမ်းကို တဆက်တည်း တာဝန်ယူသည့် သဘောမဟုတ်ကြောင်း ရှင်းပြခဲ့ သည်။

Source: CNN