CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်ဒေသတစ်ဝိုက်တွင် မြန်မာ့တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း ဗန်းမောက်ဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်မှ မေလ ၂၂ ရက်အထိ ဖြစ်ပွားခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကို ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဗန်းမောက်ဒေသခံ တစ်ဦးက “တိုက်ပွဲ အခြေအနေက မနေ့ကအထိတော့ ပြင်းထန်နေတုန်းပဲ၊ မနေ့ကအထိ ပြင်း ထန် နေတုန်းဆိုတာ အဲဒီ ကြောင်လည်ဒေသ တစ်ဝိုက်ပေါ့လေ၊ မံလူဒေသဂိတ်မှာပေါ့၊ ကျနော်တို့ သိသလောက် ဆိုရင် လေယာဉ်က ၃ ရက်ရှိပြီ၊ ၃ ရက်ဆက်တိုက် ၂၀ ရယ်၊ ၂၁ ရယ် မနေ့က တစ်ရက်ရယ် ၃ ရက် ဆက်တိုက် ပစ် နေတာ၊ ၃ ရက်စလုံးမှာ လေကြောင်းသုံး တိုက်ခိုက်တယ်၊ ပါတယ်။ တော်တော်လေးကို ပြင်းထန်တဲ့ပုံပဲ၊ ထိခိုက်မှု အခြေအနေကတော့ ၂၁ ရက်နေ့က အခြေအနေ သူတို့ ပြောပြချက်အရပေါ့လေ၊ စစ်မြေပြင်နဲ့ အနီးဆုံး ရွာသား တွေရဲ့ ပြောပြချက်အရ ဆိုလိုရှိရင် နှစ်ဖက်ထိခိုက်မှုတော့ ရှိတယ်တဲ့၊ တော်တော်လေး ထိတယ်လို့ ပြောတယ်။ မ‌နေ့ကနဲ့ ၂၀ ရက်နေ့ အခြေအနေက မသိရဘူး။ ၂၁ ရက်နေ့ အခြေအနေက တော်တော်လေးများတယ်လို့ ပြော တယ် နှစ်ဖက်စလုံးပါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကြောင်လည်ဒေသကို ယခင်က PDF၊ KIA တို့ ထိန်းချုပ်ထားပြီး လက်ရှိတွင် တပ်မတော်ဘက်က စစ်ကြောင်းထိုးကာ ပြန်သိမ်းယူခဲ့ကြောင်း၊ ထို့နောက် ကြောင်လည်ကျေးရွာမှ PDF၊ KIA တို့ ဆုပ်ခွာချိန် ဒေသခံအချို့ လိုက်ပါ သွားကြောင်း သိရသည်။

ဗန်းမောက် PDF ကို တွေ့ရစဉ်

ကျေးရွာတွင် ကျန်ရှိနေသည့် ‌ဒေသခံများကိုလည်း တပ်မတော်ဘက်က ဆက်သွယ်ရေးဖုန်းတွေကို လွတ်လွတ် လပ်လပ် ဆက်သွယ်ခွင့်မပြုပဲ ကန့်သတ်ထားကြောင်း၊ ထို့အတူ PDF၊ KIA နှင့်အတူ ပါသွားသည့် ဒေသခံများ အနေဖြင့်လည်း အခက်အခဲဖြင့် ကြုံတွေ့ရကြောင်း ဗန်းမောက်ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “တော်လှန်ရေး အင်အားစုမှာ ပါသွားတဲ့ ပြည်သူလူထုတွေကတော့ ကျနော်တို့ ပြန်ကြားရတာ ဘယ်လိုလဲ ဆိုတဲ့အခါကြတော့ အခုလောလောဆယ်သူတို့ စစ်ထိုင်ထားတာတော့ မံလူဒေသစိတ်ပေါ့နော်၊ မံလူ‌ဒေသစိတ်ဆို တာ ကြောင်လည်နဲ့ ကြောင်လည်ပေါ့၊ ကြောင်လည်လို့ ပြောလို့ရတာပေါ့၊ သိသာမြင်သာအောင်ဆိုရင် ကြောင်လည်ရဲ့ ဟိုဖက်က မံပင်တို့၊ နားပင်တို့၊ ပါထွန်တို့ အဲဒီဖက်ခြမ်းဆိုလို့ရှိရင် တော်လှန်ရေးအင်အားစုတွေ နေ ထားတာ၊ တော်လှန်‌ရေး အင်အားစုဖက် ပါသွားတဲ့ ပြည်သူလူထုတွေကြတော့ အဲဒီမှာ လူတွေ အများကြီး သူတို့က စစ်တိုက်ရင်းနဲ့ ခေါ်သွားတာလေ လူတွေကို တော်လှန်ရေးအင်အားစုတွေက ခေါ်ဝင်သွားတဲ့ အခါကြတော့ အဲဒီ စီကတောင်ထဲမှာ ကြောင်လည်ရဲ့ အနောက်ခြမ်း ယာကြီး၊ စာခမ်း အဲဒီဖက်ကတွေ စီကတောင်ထဲမှာက ပြည်သူ လူထုတွေက ထောင်ချီသောင်းချီရှိနေတာ အဲဒီဖက်မှာ ရက်ကြာလာတဲ့ အခါကြတော့ အစားအသောက် ပြဿနာ တွေ တက်တယ်လို့ ပြောတယ်၊ ကြားရသလောက်ပေါ့လေ၊ ဘယ်လို တက်သလဲဆိုတော့ ကိုယ့်အိမ်ကိုယ့်ယာလို မဟုတ်တဲ့ အခါကြတော့ ထမင်းကို ဝဝလင်လင် မစားရဘူးပေါ့ရယ်၊ ကန့်သတ်ချက်တွေနဲ့ ဖြစ်သွားတာပေါ့၊ ထမင်း စားတာတော့ နပ်မှန်တယ်၊ ၃ နပ်မှန်တယ်၊ ဒါပေမဲ့ ဝဝလင်လင် မစားရတော့ဘူးလို့ ပြောတယ်” ဟု CNI သတင်း ဌာနသို့ ပြောသည်။

ထို့ကြောင့် ‌တောလမ်းမှ နေရပ်ပြန်သူများ ရှိသလို တချို့ကတော့ နေရပ်မပြန်ဘဲ ဝန်းသို၊ ကောလင်းမှ တဆင့် မန္တလေးသို့ စုန်ဆင်းသူ အများအပြားလည်း ရှိလာကြောင်း ၎င်းက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းက ဗန်းမောက်မြို့ပေါ်မှ ပြည်သူများ မြို့မှ ထွက်ခွာရန် PDF က စာပို့ပြီးနောက် မြို့ခံ လူထုအနေဖြင့် နှစ်ဖက်အဖွဲ့အစည်းကြား အခက်တွေ့နေကြောင်း မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

PDF ဘတ်တံဆိပ်ကိုတွေ့ရစဉ်

၎င်းက “နိုင်ငံရေး အခြေအနေကတော့ ဗန်းမောက်မြို့က စာရောက်တာကတော့ ဘယ်လို ရောက်တာလဲဆိုတော့ PDF က ထုတ်ပြန်တာ အိမ်တွေ ဗန်းမောက်မြို့က ရွှေ့ထားဖို့ပေါ့၊ သူတို့လာတိုက်တော့မှာပေါ့၊ ရွှေ့ဖို့ စာပို့တာ ဒါပေမဲ့ စစ်တပ်ကတော့ မရွှေ့နဲ့ ကိုယ့်ဟာကိုယ်ပဲ အေးဆေးနေကြ၊ ရွှေ့လို့ရှိရင် အဲဒီအိမ်က ၃ ရက် ပိတ်ထားတယ် ပေါ့‌၊ ၃ ရက်စလုံး ပိတ်ထားရင် အဲဒီအိမ်ကို သူတို့ မီးလာရှို့မှာ၊ ဘယ်သူမှ မရှိရင် ပိတ်ထားရင်ပေါ့၊ ကိုယ့်ဟာနဲ့ကိုယ် အေးဆေးနေနေကြရင် ပြောစရာမလိုဘူးပေါ့လေ၊ အခုက PDF တွေက တပ်ပေါင်းစု တိုက်မယ်ဆိုတော့ တောင်ပိုင်းတွေရော၊ အနောက်ပိုင်းတွေရော၊ အင်းတော်ဖက်ကတွေရော ဆင်းလာမှာပေါ့လေ၊ KIA နဲ့ ပူးပေါင်းပြီး တော့မှ လာသိမ်းတော့မှာပေါ့လေ၊ အဲလို ပြန့်နေတာ အခုကတော့ မြို့ကတော့ ခြောက်ကပ်နေတာ ဘယ်သူမှ မရှိ ဘူး။ ပထမတော့ ထွက်ကြသေးတယ်၊ တချို့အိမ်တွေ ထွက်ကြတာလေ၊ နောက်ပိုင်းကြတော့ လမ်းပါ ပိတ်သွား တော့တာ၊ လမ်းတွေလည်း အထွက်မခံတော့ဘူး ပိတ်လိုက်ပြီ။ ဆိုင်ကယ်လည်း သွားမရတော့ဘူး။ အင်းတော်ဖက် ကို ထွက်လို့ မရတော့ဘူး။ ဘယ်သူပိတ်တာလဲဆို PDF တွေက ပိတ်တာပေါ့” ဟု ပြောသည်။

လက်ရှိ ဗန်းမောက်မြို့နယ်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု၊ အများသွားလာသည့် လမ်းများ ပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေပြီး စားသောက်ကုန် ရှားပါးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

ထို့အတူ နိုင်ငံ‌ရေး အပြောင်းအလဲကြောင့် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ သောင်းချီ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။