CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

စပိန်နိုင်ငံမြောက်ပိုင်း၊ ပမ်ပလိုမြို့အနီး နာဗရီးဒေသတွင် နှစ်စဉ်ကျင်းပနေကျ ရိုးရာပွဲတော်ကို ဇူလိုင် ၁၅ ရက်က ရိုက်ကူး မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ရက်သတ္တပတ် တစ်ပတ်ကြာခဲ့သည့် အဆိုပါ ဆန်ဖာမင် (San Fermin) ပွဲတော် ပြီးဆုံးခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။  “Pobre de Mi” အမည်ရှိ စပိန်ဘာသာဖြင့် သီချင်းကို သီဆိုနေစဉ် အနီရောင် ဝတ်စုံများနှင့် ဖယောင်းတိုင်များ ကိုင်ဆောင် ထား ကြသည်ကို ပုံများတွင် မြင်တွေ့နိုင်သည်။

ပွဲတော်ရက်တိုင်းတွင် ၈၅၀ မီတာရှည်လျားသော ကျဉ်းမြောင်းသော အစပ်လမ်းများမှတစ်ဆင့် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် နွားခြောက်ကောင် လွှတ်ပေးခဲ့ရာ ၎င်းတို့ရှေ့တွင် လဲကျခြင်း (သို့မဟုတ်) ထိခိုက်ခြင်းမရှိဘဲ နွားများနှင့် အနီးကပ် စေရန် အပြေးသမားများက  ကြိုးစားကြရသည်။